DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် စံချိန်တင်ဖမ်းမိသည့် မူးယစ်ဆေးဝါးမှု အဓိကတရားခံကို ရုံးထုတ်
DVB
·
July 26, 2018
မလေးရှားတွင် စံချိန်တင်ဖမ်းမိသည့် မူးယစ်ဆေးဝါးမှု အဓိကတရားခံကို ရုံးထုတ်
Donate to DVB

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်လို့ ထွက်ပြေးနေတဲ့ တရားခံပြေးအမှုတွေပြီးရင် အမှုကြီးကို စစစ်ဆေးမယ်လို့ တရားစွဲခံရသူရဲ့ အကျိုးဆောင် ရှေ့နေ ဦးသန်းအောင်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူယစ်ဆေးဝါးမှုနဲ့ပတ်သက်လို့ အဓိကတရားခံအဖြစ် သတ်မှတ်ထားတဲ့ ဦးမောင်မောင် (ခ)ဟာဂျီယာစင်၊ ဦးမင်းနိုင်နဲ့ ဦးဇေယျာ(ခ) ဦးဇေယျာဟိန်း တို့ကို ဇူလိုင် ၂၆ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး မာမက်ဟူစိန်(ခ)ဟူစိန်ရဲ့တရားခံပြေးမှုအတွက် ဖမ်းဝရမ်းသွင်းမယ့် ဒုရဲအုပ်ဇော်မင်းထွန်းကို ၀ရမ်းအတည်ပြုဖို့ သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအမှုအတွက် လာမယ့်ရုံးချိန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ဆေးမှာဖြစ်ပြီး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်ရဲ့တရားခံပြေးအမှုကတော့ ၀ရမ်းပြီးသွားပြီလို့ တရားစွဲခံရသူ ရှေ့နေက ပြောပါတယ်။

တရားခံပြေးအမှုတွေကို ၀ရမ်းထုတ်လို့ပြီးသွားရင် ရာဇသတ်ကြီးပုဒ်မ၈၄/၂၀၁၈နဲ့ ဦးမင်းနိုင်ပါ ၃ ဦးရဲ့ အမှုကြီးကို စတင်စစ်ဆေးသွားမယ်လို့ တရားရင်ဆိုင်နေသူတွေ ရဲ့ရှေ့နေက ဆိုပါတယ်။

“တရားခံပြေးအဖြစ်ကြေညာပြီး ဆရာတို့က အမှုကြီးဖြစ်တဲ့ ၈၄/၂၀၁၈ ကို စတင်စစ်ဆေးတော့မှာဖြစ်တယ်။ ရဲမှူးခင်မောင်သိန်းက စစစ်မယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်ကပြောပါတယ်။

အဲဒီအတွက် အနောက်ပိုင်းခရိုင်တရားရုံးကနေ သြဂုတ် ၈ရက်နဲ့ သြဂုတ် ၁၄ ရက်နေ့မှာ ပြန်လည်စစ်ဆေးသွားဖို့ ချိန်းဆိုလိုက်ပါတယ်။ ဦးမောင်မောင်(ခ)ဟာဂျီယာစင် ၊ဦးမင်းနိုင်နဲ့ဦးဇေယျာ(ခ)ဦးဇေယျာဟိန်းတို့ကို အနောက်ပိုင်းခရိုင်တရားရုံးကနေ ပုဒ်မ ၂၀(ခ) ပုဒ်မ ၂၂(က)နဲ့ တရားစွဲဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာ မေလ ၂၂ ရက်က လက်ဖက်ခြောက် အိတ်တွေထဲမှာ ထည့်ထားတဲ့ မူယစ်ဆေးဝါးတွေ စံချိန်တင်ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ ဦးမင်းနိုင်၊ ဦးမောင်မောင်(ခ) ဟာဂျီယာစင်နဲ့ ဦးဇေယျာ(ခ)ဇေယျာဟိန်းတို့ကို ရာဇသတ်ကြီးအမှု ၈၄/၂၀၁၈နဲ့ ရဲမှူး ခင်မောင်သိန်းက တရားလိုပြုပြီး တရားစွဲဆိုထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013