DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 26, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၄၀,၄၅၀ ကျပ်ကနေ ငွေကျပ် ၄၁,၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၃,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၂,၆၀၀ ကျပ်မှ ငွေကျပ် ၆၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို အနိမ့်ဆုံးဈေး ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၁၂၄,၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃,၆၀၀ ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုနစ်ည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁,၆၇၀ ကျပ်ကနေ ၁,၆၈၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၀၀ ကျပ်ကနေ ၁,၇၁၀ ကျပ်ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၈,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၈,၅၀၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ဒီတပတ်မှာ ဈေးကျဆင်းလာပါတယ်။ နယ်ကုန်စည်ဒိုင်တွေကို နေ့စဉ် အဝင်ရှိနေပေမယ့် အရောင်းအဝယ် အေးတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာလို့လည်း ကုန်သည်တွေဆီကနေ သိရပါတယ်။

နောက်သီးနှံတခုကတော့ ပဲစင်းငုံနီပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ဈေးကျဆင်းနေပေမယ့် သြဂုတ်လမှာ အိန္ဒိယကို တန်ချိန် ၂ သိန်း တင်ပို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် အရောင်းအဝယ်ကတော့ နေ့စဉ် ရှိတယ်လို့ သိရပါတယ်။ အရည်အသွေးအလိုက် ဈေးဖြတ်တာ ဖြစ်တဲ့အတွက် အရည်အသွေးကောင်းတဲ့ ပဲက ဈေးအနည်းငယ်ပိုရတယ်လို့ သိရပါတယ်။

စီပီပြောင်းကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးအနည်းငယ် ကျဆင်းနေတာ ဖြစ်ပြီးတော့ ဒီတပတ်မှာလည်း ဆက်ပြီး ဈေးကျဆင်းနေခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်က လှောင်ပြောင်းတွေကို ထုတ်ရောင်းနေတာ ဖြစ်ပြီးတော့ တခြား ပြည်ပနိုင်ငံတွေကလည်း အဝင်များတဲ့အတွက် မြန်မာစီပီပြောင်းက တင်ပို့မှု လျော့ကျပြီး ဈေးက ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စီပီပြောင်းက တလအတွင်း တအိတ်ကို ၅,၀၀၀ ကျပ်နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013