DVB Logo
Home
မြန်မာသတင်း
ကြိုက်ဈေးဆစ်၊ ကြိုက်ဈေးရ၊ ကြိုက်တာယူ အိမ်ရာဈေးပွဲတော် မန္တလေးတွင်ကျင်းပမည်
DVB
·
July 26, 2018
ကြိုက်ဈေးဆစ်၊ ကြိုက်ဈေးရ၊ ကြိုက်တာယူ အိမ်ရာဈေးပွဲတော် မန္တလေးတွင်ကျင်းပမည်
Donate to DVB

ကြိုက်ဈေးဆစ်၊ ကြိုက်ဈေးရ၊ ကြိုက်တာယူသွား Expo ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ Hilton ဟိုတယ်မှာ သြဂုတ် ၄ ရက်နဲ့ ၅ ရက်နေ့ ၂ ရက်တာ ကျင်းပဖို့ရှိနေ ပါတယ်​။

အခုပွဲမှာ ရန်ကုန်မြို့ အဆင့်မြင့်ကွန်ဒိုပရောဂျက်ဖြစ်တဲ့ Golden City, Kanbe Towers ကွန်ဒို၊ River Front Garden ကွန်ဒို၊ May Inya ကွန်ဒို၊ Paragon Residence၊ My Residence ကွန်ဒို ပရောဂျက်တွေအပြင် ကမ္ဘာကျော် သက်တမ်းအရှည်ဆုံးနဲ့ နာမည်ကြီး အမေရိကန် Brand ဖြစ်တဲ့ Chevrolet ကားတွေနဲ့ Harley Davidson ဆိုင်ကယ်တွေကို ဘဏ်ချေးငွေနဲ့ နှစ်ရှည် အရစ်ကျ ရောင်းချပေးသွားမှာလည်း ဖြစ်​ပါတယ်။

အနည်းဆုံးတန်​ဖိုးကျပ်သိန်း ၁၅၀၀ ကစပြီး ကျပ်သိန်း ၆၀၀၀ ဈေးနှုန်းအထိရှိတဲ့ ကွန်ဒိုတွေကို ရောင်းချပေးသွားမှာဖြစ်​တယ်​လို့ ဆိုပါတယ်​။

အဆိုပါပွဲကို Success Property Consultant ကုမ္ပဏီနဲ့ Shwe Property.com တို့ ပူးပေါင်း ကျင်းပတာဖြစ်ပြီး မန္တလေးမြို့နေပြည်သူလူထုတွေ လာရောက်လေ့လာလာနိုင်​သလို  ဝယ်​ယူ အား​ပေးကြဖို့ Success Property Consultant ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်သူစည်က ဖိတ်ခေါ်ပါတယ်​။

"ဒီ၂ရက်အတွင်းမှာ ၀ယ်ကြမယ်ဆိုရင် အထူးအခွင့်အရေးတွေ ရမယ်။ ဈေးနှုန်းတွေက နိုဝင်ဘာ၊ ဒီဇင်ဘာ ပွင့်လင်းရာသီမှာ ဈေးမြင့်နိုင်တဲ့အခြေအနေမှာရှိပြီး Developer တွေ ဘက်ကလည်း ခုလို အမြဲတမ်း ဈေးလျော့ချပေးနိုင်တာ မဟုတ်ပါဘူး။ ဒါက ၀ယ်ယူသူရဲ့ ဈေးကွက် ဖြစ်တဲ့အတွက် ကြိုက်တဲ့ဈေးဆစ်ကြပါ”လို့ ဦးကျော်သူစည်က ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013