DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်က ဂုဏ်ပြုမည်
DVB
·
July 19, 2012
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်က ဂုဏ်ပြုမည်
Donate to DVB

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ရွှေတံဆိပ်ဆု ပေးအပ်ချီးမြှင့်ဂုဏ်ပြုဖို့ ရှိတယ်လို့ ၀ါရှင်တန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်အတွင်း ကွန်ဂရက်လွှတ်တော်က စက်တင်ဘာ ၁၉ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုဟာ အမေရိကန် ကွန်ဂရက်က အရပ်သားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အမြင့်ဆုံးဆုဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း အတ္တလန်တစ် ကောင်စီရဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Award ကို နယူးယောက်မြို့မှာ သွားရောက် လက်ခံယူဖို့ ရှိပါတယ်။

နယူးယောက်မြို့ကို သွားမယ့်အချိန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကို သွားရောက်ဖို့ ရှိ မရှိ မသိရသေးပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခဲ့ဖူးပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ၀ါရှင်တန်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဖို့ရှိတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်သွားမယ့် အကြောင်း အေပီသတင်းဌာနကို အတည်ပြု ပြောကြားထားပေမယ့်  ခရီးစဉ်အသေးစိတ်ကိုတော့ ပြောဆိုခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013