DVB Logo
Home
မြန်မာသတင်း
မုံရွာကွန်ပျုတာတက္ကသိုလ်ကျောင်းသူ အဆောင်ထဲ လူတဦးဝင်ရောက်၊ ကျောင်းသူတဦး ဓားထိုးခံရ
DVB
·
July 26, 2018
မုံရွာကွန်ပျုတာတက္ကသိုလ်ကျောင်းသူ အဆောင်ထဲ လူတဦးဝင်ရောက်၊ ကျောင်းသူတဦး ဓားထိုးခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကွန်ပျုတာကျောင်းသူတွေနေထိုင်တဲ့ မိဘရိပ်အမျိုးသမီးအဆောင်မှာ ဇူလိုင် ၂၆ ရက်မနက် ၂ နာရီလောက်က  မျက်နှာကို ပုဆိုး အုပ်ထားတဲ့ လူတဦးဝင်ရောက်ခဲ့လို့ အော်ဟစ်ရာက အဆိုပါလူကနေ ဓားလို့ယူဆရတဲ့ ချွန်ထက်တဲ့ အရာနဲ့ ထိုးခဲ့တဲ့အတွက် အဆောင်နေ ကျောင်းသူတဦး ပေါက်ပြဲ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူက ကွန်ပျူတာတက္ကသိုလ်မှာ တတိယနှစ်သင်တန်းတက်ရောက်နေတဲ့ မနှင်းလှိုင်ထွေး ဆိုသူကျောင်းသူဖြစ်ပါတယ်။

အဆောင်နေအခန်းဖော် မဖြိုးသန့်နဲ့ အတူအိပ်နေစဉ် အိပ်ခန်းတွင်း ပစ္စည်းတွေကို လူတဦးက ရှာနေတာတွေ့လို့ အော်ဟစ်ရာက ဘေးခန်းဖော်တွေပါ နိုးလာတဲ့အတွက် အဆောင်တွင်း မျက်နှာပုဆိုးစည်းနဲ့ဝင်ရောက်လာတဲ့ အမျိုးသားက ထွက်ပြေးသွားလို့ မည်သူမည်ဝါ ဆိုတာ မသိခဲ့ရဘူးလို့ ဆိုပါတယ်။

ထွက်မပြေးခင်မှာ အော်ဟစ်ခဲ့တဲ့ မနှင်းလှိုင်ထွေးကို အသင့်ပါတဲ့ ဓားလို့ယူဆရတဲ့ ချွန်ထက်တဲ့အရာနဲ့ ကျောကုန်းကိုခွပြီး မအော်ဖို့ထောက်ထားရာက ရုန်းကန်ခဲ့လို့ ကျောကုန်းမှာ ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ဘယ်ဘက်လက်မောင်းမှာ ပေါက်ပြဲဒဏ်ရာ ၂ ချက်တို့ ရရှိပြီး မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မနှင်းလှိုင်ထွေးရဲ့ အစ်ကိုဖြစ်သူ ကိုမိုးက “စိုးရိမ်စရာတော့ မရှိဘူး။ လောလောဆယ်တော့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကတော့ ရာဇသတ်ကြီးပုဒ်မ ၄၅၆ ညဥ့်အချိန် အိမ်ကျော်နင်းမှု၊ မိမိအလိုအလျောက်အပြင်းအထန်နာကျင်စေမှု စတဲ့ပုဒ်မတွေနဲ့ အဆိုပါ အမျိုးသားကို အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013