DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့တွင် ကျပ်သိန်း ၈၀၀ ကျော်တန် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
July 26, 2018
ပင်လည်ဘူးမြို့တွင် ကျပ်သိန်း ၈၀၀ ကျော်တန် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့မှာ မူးယစ်သတင်းကျော်ဇောသူတဦးရဲ့ အဆောက်အဦကို ဝင်ရောက်ရှာဖွေရာ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သိုလှောင်ဖြန့်ဖြူးနေတဲ့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့နဲ့ မိုးသောက်ကြယ်အဖွဲ့ဟာ သက်သေတွေနဲ့အတူ ပင်လည်ဘူး-ကောလင်းသွား ကားလမ်းဘေးရှိ ဆောက်လက်စ အဆောက်အဦကို ဇူလိုင် ၂၆ ရက်မနက်အစောပိုင်းက ဝိုင်းဝန်းပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့တာပါ။

အခုလိုဖမ်းဆီးရာမှာ အဆောက်အဦပိုင်ရှင် ဒေါ်အေးကြည် (ခ) မတွတ် (ခ) အနှောင်း ကိုတော့ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ခြံဝင်းစောင့် သန်းထွန်း၊ ခိုင်စိုးဦးနဲ့ ကိုဇင် ခေါ် ဇင်လင်းဦး တို့ကိုတွေ့ရှိရပြီးအနီးရှိ ဂိုဒေါင်ကို သော့ဖျက်ပြီးရှာဖွေရာ ပီနံအိတ်ဖြူအတွင်းက ဘိန်းဖြူလို့ ယူဆရတဲ့ ၁၁ ဂရမ်ခန့်စီပါ ဖြူဝါအမှုန့်ထည့် ဆပ်ပြာခွက်ရောင်စုံ ၇၅ ခွက်၊ အလေးချိန် ၈၂၅ ဂရမ်၊ ကာလတန်ဖိုး ၂၈၅ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ ဒီမူးယစ်ဆေးဝါးတွေက ခြံဝင်းအဆောက်အဦ ပိုင်ရှင် ဒေါ်အေးကြည် (ခ) မတွတ် (ခ) အနှောင်းရဲ့ ပစ္စည်းတွေလို့ သိရပြီး ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆောက်အဦမှာ တွေ့ရှိသူ ၃ ဦးကိုတော့ မူးယစ် (ပ)၉၅/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့အမှုဖွင့်အရေးယူထားပါတယ်။

ပင်လည်ဘူးမြို့မှာ လွန်ခဲ့တဲ့ ၂ ရက်ကလည်း လိုင်စင်မဲ့ကားဖမ်းဆီးရာကနေ ကားအတွင်းထည့်သယ်လာတဲ့ ကျပ်သိန်း၂၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ပင်လည်ဘူးမြို့နယ်မှာ အခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၉၅ မှုထိ ရှိပြီလို့ ရဲတပ်ဖွဲ့စာရင်းအရသိရပြီး မိုးသောက်ကြယ်အဖွဲ့ရဲ့စာရင်းတွေအရ ၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း ၁၇၄ မှုနဲ့  တရားခံ ၂၃၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ဘိန်းဖြူ ၄၈၇၇.၅၉ ဂရမ်၊ ဘိန်းမဲ ၉၀၆၇၅.၆၂ ဂရမ်၊ ဆေးပြားအစုံ ၇၀၁၁၀ ပြား၊ ငွေ၄၂၃၄၁၈၀၀ ကျပ်တို့ ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုးကျပ်သိန်းပေါင်း ၁၁၅၂၅ သိန်းကျော်ရှိတယ်လို့ မိုးသောက်ကြယ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013