DVB Logo
Home
မြန်မာသတင်း
ဖာပွန်မြို့တွင် ရေကြီးပြီး စာသင်ကျောင်းများ ပိတ်ထားရ
DVB
·
July 26, 2018
ဖာပွန်မြို့တွင် ရေကြီးပြီး စာသင်ကျောင်းများ ပိတ်ထားရ
1 / 3
Donate to DVB

မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ ယွန်းစလင်းချောင်း ရေလျှံမှုကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရေတဖြည်းဖြည်းချင်း မြင့်တက်လာရာကနေ အခုတော့ မြို့ပေါ် ရပ်ကွက် အားလုံးနီးပါး ရေနစ်မြုပ်ကုန်တယ်လို့ ဒေသခံ ဒေါ်ဝိုင်းက ပြောပါတယ်။

“မိုးတအားရွာတယ်လေ။ အောက်ရေလည်း အခံရှိတော့ ရေကြီးပြီပေါ့။ ရေက သံလွင်မြစ်ကနေ ယွန်းစလင်းချောင်းအထိ တက်လာတော့ အခု ဒေါ်ဝိုင်းအိမ်မှာ ရေရောက်နေပြီ။ အိမ်အောက်မှာ။ ရေကြီးတာ သုံး လေးရက်လောက် ရှိပြီ။ ဒီလောက်ထိ မဟုတ်ဘူး။ နေလို့ ထိုင်လို့ ရသေးတယ်။ အခုက တအားတက်လာတယ်။ မနေ့ကနဲ့ ဒီနေ့။  အခုက ရေတက်တုန်းပဲ။ မကျသေးဘူး။”

ဖာပွန်မြို့မှာ နှစ်စဉ်လိုလို ရေကြီးပေမယ့် ဒီနှစ် ရေကြီးမှုဟာ ပိုပြီးဆိုးတယ်လို့လည်း ပြောပါတယ်။ ရေကြီးမှုကြောင့် လတ်တလော ကယ်ဆယ်ရေးစခန်းတခု ဖွင့်ထားပြီး အိမ် လုံးဝမြုပ်နေသူတွေ လာရောက်ခိုလှုံနေကြပါတယ်။

ရေဆက်လက်မြင့်တက်နေတဲ့အတွက် လူတွေနဲ့ ပစ္စည်းတွေကို ရေလွတ်တဲ့နေရာကို ရွှေ့ပြောင်းပေးနေသလို စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013