DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းတွင် ဆီသည်ယာဉ်တစီး တိမ်းမှောက်
DVB
·
July 26, 2018
ကညွတ်ကွင်းတွင် ဆီသည်ယာဉ်တစီး တိမ်းမှောက်
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၊ တောင်ဂုံး တဲကျေးရွာအနီးမှာ ဒီနေ့မနက်ပိုင်းက လောင်စာဆီ ၉၈ဝဝ ဂါလန်ကျော်ပါတဲ့ ဆီသယ်ယာဉ်တိမ်းမှောက်ခဲ့လို့ မီးဘေးအန္တရာယ် မရှိစေဖို့ မီးသတ်ဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ကညွတ်ကွင်းမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှ ဝန်ရှိသူတဦးကပြောပါတယ်။

ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက “ကားမှောက်တာကတော့ ယာဉ်မောင်းငိုက်ပြီးမှောက်တာပါ။ ယာဉ်ပေါ်မှာပါတဲ့ ဆီက 95 တွေဆိုတော့ မီးဘေးအန္တရာယ် စိုးရိမ်ရတယ်။ ဆီကလည်းများတယ်။ အန္တရာယ်မဖြစ်အောင် ရှင်းလင်းရေးကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။ မီးသတ်ကိုလည်း အဆင်သင့်ထားပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် လူနဲ့ တိရိတ္ဆန် ထိခိုက်မှုမရှိပေမယ့် မီးဘေးအန္တရာယ် အချိန်မရွေးဖြစ်ပေါ်လာနိုင်လို့ ကညွတ်ကွင်းမီးသတ်ဌာနမှ မီးသတ်ယာဉ်တစီးနဲ့ မီးသတ်တပ်ဖွဲဝင်တွေ၊ ရဲတပ်ဖွဲဝင်တွေနဲ့ အမြန်ဆုံး ရှင်းလင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကညွတ်ကွင်းမြို့နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်ကို ပေါ့လျော့စွာ မောင်းနှင်သူ ငြိမ်းချမ်း ကို  ရာဇသတ်ကြီး ပုဒ်မ-၂၇၉ နဲ့ အမှု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013