DVB Logo
Home
မြန်မာသတင်း
ဘားအံ ရေဘေးဒုက္ခသည်များကို အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးစကားပြော
DVB
·
July 26, 2018
ဘားအံ ရေဘေးဒုက္ခသည်များကို အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးစကားပြော
1 / 12
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ကို ဒီနေ့ မနက်ပိုင်းက နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီး ရေး​ဘေးကယ်​ဆယ်​​ရေးစခန်း​​တွေမှာ ခိုလှုံနေတဲ့ ​ဒေသခံပြည်​သူ​​တွေကို ​တွေ့ဆုံအား​ပေးစကား ​ပြောကြားပြီး အကူအညီတွေပေးသွားပါတယ်​။

ကယ်​ဆယ်​​ရေးစခန်း​တွေကို​ရောက်ရှိ ခိုလှုံ​နေတဲ့ ​ဒေသခံပြည်​သူ​တွေကို သွားရောက်ကြည့်ရှု အား​ပေးစကား​ပြောကြားပြီး ဌာနဆိုင်​ရာ​တွေက ​ပေးအပ်​လှူဒါန်းတဲ့ ထောက်ပံ့​ငွေနဲ့ စားသောက်​ဖွယ်​ရာ​တွေကို လက်​ခံခဲ့ပါတယ်​။

ဇူလိုင် ၂၅ ရက်နေ့ ကရင်ပြည်နယ်မှာပြုလုပ်​မယ့် လူငယ်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းကို လာရောက်ဖို့ စီစဉ်​ခဲ့​ပေမယ့် ရာသီဥတုအခြေအနေ ဆိုးရွားနေတဲ့အတွက် ရက်ရွှေ့ဆိုင်းခဲ့ရ​ပြီး ယ​နေ့​မှာ ​မော်​လမြိုင်​​လေဆိပ်​ကနေ တဆင့် ဘားအံမြို့ကို လာရောက်ခဲ့တာပါ။

ဘားအံမြို့​ပေါ်မှာရှိတဲ့ ရေဘေးကယ်​ဆယ်​​ရေးစခန်း​တွေမှာ ​ရောက်ရှိခိုလှုံနေတဲ့ ​ဒေသခံပြည်​သူ​တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွား​ရောက်​အား​ပေးစကား​ပြောကြားပြီး​ ဌာနဆိုင်​ရာက လွှဲပြောင်းလှူဒါန်းတဲ့ အလှူငွေနဲ့ ပစ္စည်း​တွေကို လက်​ခံခဲ့တာပါ။

ဆက်​လက်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ကယ်​ဆယ်​​ရေးစခန်း​တွေမှာ ရောက်ရှိ​ နေတဲ့ ​ဒေသခံပြည်​သူ​တွေရဲ့ လိုအပ်​ချက်​​တွေကို ​မေးမြန်းပြီး ပြည်​နယ်​ဝန်ကြီးချုပ်​နဲ့ သက်​ဆိုင်​ရာ ဌာန​တွေကို ပူး​ပေါင်း​ဆောင်​ရွက်​​ပေးဖို့ လမ်းညွန်​မှာကြားခဲ့ပါတယ်​။

ကယ်​ဆယ်​​ရေးစခန်းကို​ရောက်ရှိ​နေတဲ့ ဘားအံမြို့ အမှတ်​ ၂ ရပ်​ကွက်​၊ ဆွမ်း​လောင်းဓမ္မာရုံလမ်း၊ မဝင်းန္တာ​အေး​က “ခုလို ​ဒေါ်​အောင်​ဆန်းစုကြည်​​ရောက်​ပြီး အား​ပေးခဲ့တဲ့အတွက်​ အားရဝမ်းသာမိပြီး အ​မေ့ကိုယ်​တိုင်​လာပြီးအား​ပေးတာ ​ဝမ်းသာမဆုံး ​ကျေနပ်​မိတယ်​”လို့ ​ပြောပါတယ်​။

နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ဟာ ဘားအံမြို့ရှိ ​ရွှေယဉ်​​မျှော်​ ​ရေ​ဘေး ကယ်​ဆယ်​​ရေး စခန်း၊ ဆိုင်​ကလုံးရှပ်​တာ၊ မိုးလုံ​လေလုံ အားကစားရုံမှာ ​ရောက်ရှိ​နေတဲ့ ​ဒေသခံပြည်​သူ​တွေနဲ့​ တွေ့ဆုံအား​ပေးခဲ့ပါတယ်​။

ရဲမင်း​ခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013