DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့မှာ ရေဘေးရှောင်သူ ၁၄၀၀ ကျော်ထိ ရှိလာ
DVB
·
July 26, 2018
ရွှေကျင်မြို့မှာ ရေဘေးရှောင်သူ ၁၄၀၀ ကျော်ထိ ရှိလာ
1 / 3
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မြစ်ရေတက်လာမှုကြောင့် ရေဘေးရှောင် ပြည်သူ ၁၄၀၀ ကျော်အထိ ရှိလာနေပါတယ်။

စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေ တက်လာမှုကြောင့် ညောင်ဝိုင်း၊ ပွဲကုန်း၊ ဂန့်ဂေါ်ဝိုင်း၊ မကျည်းတန်း အနောက်ဘက်ကျေးရွာ ကံဘေးအိုင် ဆုံကုန်း စလူချောင်း ဝင်းခနိမ် စတဲ့ ရပ်ကွက်၊ ကျေးရွာတွေ အများဆုံး ရေနစ်မြုပ်မှုဒဏ် ခံနေရတာဖြစ်ပြီး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်ကာ ကူညီထောက်ပံ့မှုတွေပေးပြီး ဆေးဝါးကုသစစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

“သုံးရက်စာ ဆန်၊ ဆီ၊ ဆား၊ ထမင်းထုပ်တွေ ဝေပေးထားတယ်။ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ဆေးကုသမှု ပေးနေပါတယ်။ နောက်ထပ် ရေဘေးရှောင်သူတွေလည်း ထပ်လာနေတာလည်း ရှိနေပါတယ်။”

မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ ဇူလိုင်လ ၂၅ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံး တိုင်းတာချက်အရ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရဲ့အထက်ကို ကျော်လွန်နေပြီး ၁၁၈၄ စင်တီမီတာအထိ ရောက်ရှိနေကာ ရွှေကျင်မြို့မှာ ရွှေကျင်မြစ်ရေဟာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာရဲ့ အထက်ကို ကျော်လွန်နေပြီး ၇၅၀ စင်တီမီတာကို ရောက်ရှိနေတာပါ။

မြစ်ရေတက်မှုကြောင့် ရွှေကျင်မြို့မှာ ကျောင်း ၉ ကျောင်း ပိတ်ထားလိုက်ရသလို လမ်းတံတားတွေပါ ရေကျော် ပျက်စီးနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေပါ ကြုံနေရပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013