DVB Logo
Home
မြန်မာသတင်း
သံလွင်၊ စစ်တောင်းနှင့် ရွှေကျင်မြစ်ရေ ကြီးနေသဖြင့် သတိပြုနေထိုင်ကြရန် တိုက်တွန်း
DVB
·
July 26, 2018
သံလွင်၊ စစ်တောင်းနှင့် ရွှေကျင်မြစ်ရေ ကြီးနေသဖြင့် သတိပြုနေထိုင်ကြရန် တိုက်တွန်း
Donate to DVB

သံလွင်၊ စစ်တောင်းနဲ့ ရွှေကျင်မြစ်ရေ ကြီးနေတဲ့အတွက် ဘားအံမြို့နယ်၊ မဒေါက်မြို့နဲ့ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက  အကြံပြုတိုက်တွန်းထားပါတယ်။

ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၈၅၁ စင်တီမီတာအထိ ရောက်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်တောင်းမြစ်ရေကတော့  မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၁၂၀၈ စင်တီမီတာ ရောက်နေပြီး  နောက် ၁ ရက်အတွင်း ဆက်လက်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြစ်ရေကတော့  ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ကာ ၇၇၄ စင်တီမီတာ ထိရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

အလားတူ ပဲခူးမြစ်ဟာလည်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေကာ ၉၁၁ စင်တီမီတာအထိ ရောက်နေပြီး ပဲခူးတိုင်းဒေသကြီအစိုးရကတော့ ပဲခူးမြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူတွေကို ကြိုတင်သတိပေးထားပါတယ်။

ဧရာဝတီမြစ်ရေကတော့ ဟင်္သာတ၊ ဇလွန်၊ တောင်ငူမြို့တွေမှာ စိုးရိမ်ရေမှတ်ရောက်ရှိဖို့ နီးစပ်နေပြီလို့ ခန့်မှန်းထားပြီး တိုးမြစ်ရေဟာ မအူပင်မြို့ရဲ့ စိုးရိမ်ရေမှတ်နားနဲ့ နီးစပ်လာပြီလို့  ထုတ်ပြန်ထားပါတယ်။

ငဝန်မြစ်ရေကတော့ ငသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တွေမှာ စိုးရိမ်ရေမှတ်နား နီးနေသလို  လေးမြို့မြစ်ရေကတော့ မြောက်ဦးမြို့မှာ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- မိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013