
မြန်မာပြည်တွင်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အနားမှာ အင်အား ရစ်ခ်ျတာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၅၃ မိနစ်၊ ၀၁ စက္ကန့်အချိန် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၂ မိုင်ခန့် ကွာဝေးတဲ့ တောင်ငူမြို့ရဲ့ အရှေ့မြောက်ဘက် ၃၃ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။
ဓာတ်ပုံ- မိုးဇလ











