DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် ကားလမ်းမ ရေကျော်၍ ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိနေ
DVB
·
July 25, 2018
အမ်းမြို့နယ်တွင် ကားလမ်းမ ရေကျော်၍ ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိနေ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်မြို့နယ်၊ အမ်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာလို့ တောင်ကျရေတွေကြောင့် ရန်ကုန်-စစ်တွေ လမ်းမကြီးနဲ့ အမ်း- တပ်တောင်လမ်းမ ရေကျော်နေပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ပိတ်မိနေပါတယ်။

လက်ရှိအချိန်ထိတော့ အမ်း-တပ်တောင် ကားလမ်းမမှာ ရေကျော်နေတာကြောင့် ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိနေတယ်လို့ အမ်းမြို့နယ် ယာဉ်ကြီးကြပ်ရေးက အတွင်းရေးမှူး ကိုသန်းချိုကဒီကနေ့ မွန်းလွဲပိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“မယ်လက်မောင်းရွာကြားနဲ့ ကံ့ကော်မြိုင်ရွာကြားမှာ မနေ့က ၂ နာရီကနေ့ အခုအချိန် ကားလမ်းမ ၇ ပေ ရေကျော်နေတယ်။ ကားတစီးမှ ဖြတ်မရဘူး။ နောက်ပြီးတော့ အမ်း- တပ်တောင် လမ်းဆိုရင် ကားသေး၊ ကားကြီး၊ ခရီးသည်တင်ကားတွေရော၊ ကုန်တင်ကားကြီးတွေ ဆိုရင် အစီး ၂၀၀ ကျော် မနေ့က ပိတ်မိခဲ့တယ်။ ဒီကနေ့မနက်မှာ ဆိုရင်တော့ ကားအစီးအရေ ၁၀၀ ကျော်လောက် ရှိသေးတယ်။ လက်ရှိအချိန်အထိတော့ ရေ ၆ ပေကျော် လောက် ကျန်နေသေးတယ်”လို့ပြောပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်းမ အပါအဝင် အမ်း-တပ်တောင် ကားလမ်းတွေ စတဲ့နေရာ လေးနေရာလောက်မှာ ရေကျော်နေတယ်လို့ အမ်းမြို့နယ်ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ် ရန်ကုန်စစ်တွေကားလမ်းမနဲ့ မယ်လက်မောင်းအုပ်စု ၁၃ မိုင် ကားလမ်းမ တွေမှာတော့ လက်ရှိအချိန်အထိ ရေ ၃ပေလောက်သာ ကျန်ရှိနေပြီး မိုးတွေ ဆက်လက်ရွာရင်တွေ ရေတက်နိုင်တယ်လို့ အမ်းဒု-မြို့နယ် အုပ်ရေးမှူး ဦးကျော်ညိမ်းထွန်းက ပြောပါတယ်။

“မနေ့က အခြေအနေအထိဆိုရင် မယ်လက်မောင်း ၁၃ မိုင်နေရာမှာတော့ ၇ပေ ၈ ပေလောက်အထိ တက်တယ်။ ကားလမ်းပေါ်မှာပေါ့လေ။ ဒီကနေ့ကတော့ ၃ ပေ ပတ်ချာလည်လောက် ရှိတယ်။ မိုးအပေါ်မှာ မူတည်တယ်။ မိုးများပြီးတော့ တောင်ကျရေတွေ များလာရင်တော့ ထပ်တက်ဖို့ အလားအလာတွေ ရှိနိုင်တယ်”

အမ်း-တပ်တောင်ကားလမ်းမမှာတော့ လက်ရှိအချိန်မှာတော့ ရေအနည်းငယ် ကျဆင်းသွားတာကြောင့် ကုန်ကားတချို့နဲ့ ခရီးသည်တင်ကားတချို့ သွားလာလို့ ရပေမယ့် ကားအသေးလေးတွေကတော့ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013