DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံရေးပါတီများ အင်းစိန်ရွာမကျောင်းတွင် ဆွေးနွေး
DVB
·
July 25, 2018
ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံရေးပါတီများ အင်းစိန်ရွာမကျောင်းတွင် ဆွေးနွေး
Donate to DVB

ရန်ကုန်၊ အင်းစိန်ရွာမကျောင်းမှာ ကြံ့ခိုင်ရေးအပါအဝင် နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့တာဟာ လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆွေးနွေးကြတာလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ရန်ကုန်၊ အင်းစိန်ရွာမကျောင်းမှာ နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့ကြတာပါ။

ဦးသုဝေက “အရင်တုန်းကလည်း နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့အတွက် ကြံ့ခိုင်ရေးရုံးမှာ စုပေါင်းပြီး အစည်းအဝေးလုပ်တာတွေ ရှိတယ်။ အခါအားလျော်စွာ နိုင်ငံအတွက် လိုအပ်တဲ့ စာတမ်းလေးတွေ ထုတ်တာရှိတယ်။ အခုတခါတော့ FDA (ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်) ထဲမှာ မပါတဲ့ နိုင်ငံရေးပါတီတချို့က အကြံပြုတယ်။ ကျနော်တို့ တွေ့ရအောင်ပေါ့။ အဲဒါမှာ နေရာရှာတော့ သူတို့ကပဲ ဆရာတော်ကို သွားလျှောက်တာ ဖြစ်ပါလိမ့်မယ်။ ဆရာတော်က နေရာပေးတော့ အဲဒီမှာ တွေ့ဖြစ်တာပါ။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လို အနိုင်ရအောင် လုပ်မလဲ ဆိုတာ ဆွေးနွေးကြတာပါ” လို့ ပြောပါတယ်။

တွေ့ဆုံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် ၂၂  ပါတီ ပါဝင်ပြီး ပါတီတွေရဲ့ ဥက္ကဋ္ဌတွေ ပါဝင်တဲ့ ကော်မတီတခုဖွဲ့ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဦးသုဝေက “တူညီသောလုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် ကော်မတီဆိုပြီးတော့ ဖွဲ့လိုက် ပါတယ်။ လုပ်ငန်းတာဝန်တွေတော့ မခွဲရသေးပါဘူး။ တချို့ပါတီတွေကတော့ ဆုံးဖြတ်နိုင်တဲ့ သူတွေ ပါမလာတော့ စာရင်းမပေးရသေးဘူးပေါ့။ ကျနော်မှတ်မိသလောက်ကတော့ ၁၄ ပါတီလား၊ ၁၅ ပါတီလားပဲ စာရင်းပေးသေးတယ်။ အခုကတော့ ကော်မတီမှာပါမယ့် ပါတီတွေ စာရင်းယူနေတုန်းပါ” လို့ ပြောပါတယ်။

တွေ့ဆုံပြီးနောက်တရက် ဇူလိုင် ၂၄ ရက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ သံဃမဟာ နာယက အဖွဲ့နဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းတို့အကြား တရားဝင်မှု အငြင်းပွားတာ၊ ဖောင်ဒေးရှင်းကို ဖျက်သိမ်းဖို့ ရက်အကန့်အသတ်နဲ့ ညွှန်ကြားတာတွေအပေါ် သဘောထား ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေး ယိမ်းယိုင်ကျဆင်းနေချိန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေရင်ဆိုင်နေရချိန်မှာ ဒီလို အငြင်းပွားတာ အချိန်ကိုက်ဖြစ်လာတာဟာ အံ့အားသင့်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီအငြင်းပွားတာကတဆင့် သံဃာတွေ ဂိုဏ်းကွဲတာ၊ နိုင်ငံမငြိမ်သက်တာတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်ပြီး နိုင်ငံသားအားလုံး သတိပြုကာကွယ်ကြဖို့လည်း တိုက်တွန်းထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013