DVB Logo
Home
မြန်မာသတင်း
ဇူလိုင်လအတွင်း လူပေါင်း ၂၀,၀၀၀ ကျော် ရေဘေးသင့်၊ ၃ ဦး သေဆုံး
DVB
·
July 25, 2018
ဇူလိုင်လအတွင်း လူပေါင်း ၂၀,၀၀၀ ကျော် ရေဘေးသင့်၊ ၃ ဦး သေဆုံး
Donate to DVB

အခုနှစ် ဇူလိုင်လအတွင်း ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ ရေဘေးသင့်သူပေါင်း ၂၁,၀၀၀ ကျော်ရှိပြီး ရေဘေးအတွင်း သေဆုံးသူ ၃ ဦး ရှိတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ပဲခူးနဲ့ မကွေး စတဲ့ ပြည်နယ်တိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရေကြီးတဲ့ ပြည်နယ်တိုင်းတွေမှာ ရေဘေးဒုက္ခသည်စခန်း ၆၉ ခုဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၄၅၀၀ ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။

ကရင်ပြည်နယ်မှာ ရေကြီးမှုအဆိုးဝါးဆုံးဖြစ်ပြီး လူဦးရေ ၁၀၀၀၀ ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်း ၃၇ ခုဆီ ပြောင်းရွှေ့ထားရပါတယ်။

ကော့ကရိတ်မြို့နယ်မှာတော့ အခုလ ၂၀ ရက်ကတည်းက ဂျိုင်းချောင်းရေကြီးတဲ့အတွက် မြဝတီ-ဘားအံ သွားလမ်း ပိတ်နေပါတယ်။

အစိုးရက ရေဘေးသင့်သူတွေကို ဆန်ရိက္ခာအပါအဝင် အိမ်ဆောက်ပစ္စည်းနဲ့ အခြား လိုအပ်တာတွေ ထောက်ပံ့ကူညီပေးထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအသင့်အတင့် ကနေ အားကောင်းနေပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်  မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013