DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့၌  ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်
DVB
·
July 25, 2018
ကျောက်ကြီးမြို့၌  ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ကျောက်ကြီး ချောင်းရေမြင့်တက်လာလို့  မြို့ပေါ်ရပ်ကွက်က လူနေအိမ်တချို့ ရေကြီးပြီး ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားရတယ်လို့ ကျောက်ကြီးမြို့ ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောက်ကြီးမြို့ပေါ်ရှိ ပဲခူးရပ်ကွက်နဲ့ ကပ်ကျေးရပ်ကွက်ရှိ လူနေအိမ်တွေကို ဇူလိုင် ၂၃ ရက်က စတင်ပြောင်းရွှေ့ခဲ့ရကာ ဇူလိုင် ၂၅ ရက် အထိ အိမ်ခြေ ၆၀ ကျော်ကို ကျောက်ကြီးမြို့ မိုးကုတ်ဓမ္မာရုံက သစ်ဝိုင်ဓမ္မရိပ်သာ ဓမ္မာရုံနဲ့ တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ် ကူညီနေရတာပါ။

ကျောက်ကြီးမြို့ ကြက်ခြေနီအသင်းမှ ကိုသားကြီးက “ရေတွေ ထပ်တက်နေလို့ ထပ်ရွှေ့နေရတယ်။ ကျောက်ကြီးချောင်းက ရေတက်လာလို့ပါ။ ကျောင်းသား ကျောင်းသူတွေ ကတော့ ကျောင်းတွေပါ ပျက်နေကြတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ လုပ်ပေးနေတယ်။ ဝမ်းပျက်ဝမ်းလျှောတာတွေ မဖြစ်အောင် စောင့်ကြည့်နေတယ်။ လူနဲ့ တိရစ္ဆာန်တွေအတွက် အခက်အခဲတွေကတော့ အများကြီးပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်အတွင်းက ဌာနဆိုင်ရာတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ရေဘေးကို စုပေါင်းကူညီနေကြပြီး အစားအသောက်တွေ လာရောက်လှူဒါန်းမှုတွေလည်း ရှိပါတယ်။ အခုလက်ရှိ ရေဘေးသင့်ပြည်သူ ၃၀၀ ကျော်ကို ကူညီစောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။

မိုးတွေ ဆက်လက်ရွာသွန်းနေတာကြောင့် ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နဲ့ ဖြူးမြို့နယ်ထဲက မြစ်ချောင်းတွေနဲ့ နီးတဲ့ ကျေးရွာမှာ ရေကြီးရေလျှံနေပြီး စိုက်ပျိုးစပါးတွေလည်း ပျက်စီးနေတယ်လို့ သိရပါတယ်။

ကျော်အောင်(ကညွှတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013