DVB Logo
Home
မြန်မာသတင်း
အငြိမ့်မင်းသမီးအား အဓမ္မပြုကျင့်၍ ခြိမ်းခြောက်ပြီး လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးခိုင်း
DVB
·
July 25, 2018
အငြိမ့်မင်းသမီးအား အဓမ္မပြုကျင့်၍ ခြိမ်းခြောက်ပြီး လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးခိုင်း
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှာ ဇူလိုင် ၂၄ ရက် နေ့လယ် ၂နာရီက အလှူပွဲကပြပြီး အပြန်လိုက်ပို့တဲ့ အမျိုးသားတဦးက အသက် ၁၆ နှစ်အရွယ် အငြိမ့်မင်းသမီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

မလှိုင်မြို့နယ် ရုံးစင်ကြီးရွာမှာ အလှူပွဲကပြဖို့ မိတ္ထီလာမြို့က အငြိမ့်အဖွဲ့ကို ငှားရမ်းတဲ့အတွက် မင်းသမီးတဦးထဲအလှူပွဲကို သွားရောက်ခဲ့တာပါ။

အဲဒီအလှူလှည့်ရာမှာ ဦးရွှေရိုးနဲ့ဒေါ်မိုးအကကို မလှိုင်မြို့နယ် ကူနီရွာနေ ခိုင်ဇော်(ခ)ရွှေရိုး(၂၉နှစ်)နဲ့အတူ ကရပါတယ်။

အဲဒီနေ့ညက ကူနီရွာမှာပဲ ခိုင်ဇော်ရဲ့ ညီမဖြစ်သူနဲ့ အတူ အငြိမ့်မင်းသမီးကို အိပ်စေခဲ့ပြီး ဇူလိုင် ၂၃ ရက်မနက် ၅ နာရီမှာ ခိုင်ဇော်(ခ)ရွှေရိုးက အငြိမ့်မင်းသမီးကို ဆိုင်ကယ်နဲ့ မိတ္ထီလာမြို့သို့ ပြန်လိုက်ပို့ရာ ကံကောင်းလမ်းဆုံအကျော် ယာစောင့်တဲအတွင်း ဆွဲခေါ်ပြီး အလိုမတူပဲ တကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။

အခုလိုဖြစ်ခဲ့တာကို ဘယ်သူ့ကိုမှပြန်မပြောဖို့နဲ့ ပြန်ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ကာ လက်ထပ်စာချုပ်မှာ အတင်းလက်မှတ်ထိုးခိုင်းတဲ့အတွက် ကြောက်လန့်ပြီး လက်မှတ်ထိုးပေးခဲ့ရတယ်လို့လည်း အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အငြိမ့်မင်းသမီးက ဆိုပါတယ်။

မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "အဓမ္မပြုကျင့်မှု ဖွင့်ပါတယ်။ တရားခံကို ဖမ်းဆီးပြီးပါပြီ" လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက ရွှေရိုး(ခ)ခိုင်ဇော်ကို အမှုအမှတ် (ပ)၃၁၁/၂၀၁၈ နဲ့ အလိုမတူ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ‎၃၇၆ အရ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013