DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ရှိ တောင်ပေါ်ဒေသများနှင့် စစ်ရှောင်စခန်းများတွင် အခမဲ့ဆေးကုသပေးနေ
DVB
·
July 25, 2018
ကချင်ပြည်နယ်ရှိ တောင်ပေါ်ဒေသများနှင့် စစ်ရှောင်စခန်းများတွင် အခမဲ့ဆေးကုသပေးနေ
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကျန်းမာရေးဌာနနဲ့ လက်လှမ်းဝေးတဲ့ဒေသတွေနဲ့ စစ်ရှောင် ဒုက္ခသည်တွေကို အလင်းသစ်မီဒီယာသာသနာ့အဖွဲ့နဲ့ ဒေသခံလွှတ်တော်အမတ်တွေပူးပေါင်းပြီး  မိုးတွင်းကာလမှာ အခမဲ့ဆေးကုသပေးနေပါတယ်။

ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီ ဦးဆောင်တဲ့အဖွဲ့နဲ့ အလင်းသစ်မီဒီယာသာသနာ့အဖွဲ့တွေက ဝိုင်းမော်မြို့နယ်နဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသနဲ့ စစ်ရှောင်စခန်းတွေကို သွားရောက်ပြီး အခမဲ့ဆေးကုပေးနေတာပါ။

မိုးတွင်းကာလမှာ တောင်ပေါ်ဒေသနဲ့ စစ်ရှောင်စခန်းတွေကို အဓိကထားတာဟာ မိုးတွင်းမှာ ဖျားနာပေါများတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်ကနေ ၂၅ ရက်နေ့အထိ ဆေးကုသမှုပေးခဲ့ရာမှာ  တုပ်ကွေး၊ လေဖြန်း ဝမ်းလျော့ဝမ်းပျက်၊ ချောင်းဆိုးရင်ကြပ်နဲ့ သွေးတိုးရောဂါတွေကုသပေးခဲ့ရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ပိုများတယ်လို့သိရပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ကနေ ဇူလိုင်လ ၂၄ ရက်နေ့အထိ အခမဲ့ဆေးကုသပေးတဲ့ တောင်ပေါ်ဒေသရွာပေါင်း ၁၈ ရွာ လူဦးရေ ၈၄၄ ယောက်ကုသပေးခဲ့တာပါ။

ဇူလိုင် ၂၅ ရက်မှာတော့ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်မှာ ဆရာဝန် တစ်ယောက်၊ လက်ထောက် ဆရာဝန် တစ်ယောက်၊ သူနာပြုသားဖွားနဲ့ ဆေးဝါးကျွမ်းကျင်အဆင့်တွေ ပါဝင်တဲ့ အဖွဲ့က ကုသပေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013