DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် မြန်မာ-လာအို နှစ်နိုင်ငံဆွေးနွေး
DVB
·
July 25, 2018
လျှပ်စစ်၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် မြန်မာ-လာအို နှစ်နိုင်ငံဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လျှပ်စစ်ကဏ္ဍ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနဲ့ ခရီးသွားလုပ်ငန်းတို့ အပါအ၀င် နှစ်နိုင်ငံ နယ်ပယ်စုံကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-လာအိုနှစ်နိုင်ငံအစည်းအဝေးမှာ လာအိုပြည်သူ့ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လက်မှတ်ရေးထိုး ထားတဲ့ လျှပ်စစ်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာနဲ့ မြန်မာ -လာအို ချစ်ကြည်ရေးတံတားဆိုင်ရာ နားလည်မှု စာချွန်လွှာ အကောင်အထည် ဖော်ရေး ဆိုင်ရာကိစ္စရပ်တွေ၊  ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနဲ့ ခရီးသွားလုပ်ငန်းတို့ အပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နယ်ပယ်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့လည်း  ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ ကြပါတယ်။

လာအိုနိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့ မနက်က သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013