DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် အုပ်စုဖွဲ့ရန်ဖြစ်သည့် ရွှေ့ပြောင်းလုပ်သား လူငယ်များ  ဖမ်းဆီးခံရ (ရုပ်သံ)
DVB
·
July 25, 2018
ချင်းမိုင်တွင် အုပ်စုဖွဲ့ရန်ဖြစ်သည့် ရွှေ့ပြောင်းလုပ်သား လူငယ်များ  ဖမ်းဆီးခံရ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ မြို့လယ်ခေါင်အုပ်စုဖွဲ့ရန်ဖြစ်ပြီး လူသွားလမ်းပေါ် စည်းကမ်းမဲ့ စုပြုံထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားလူငယ် စုစုပေါင်း ၂၂ ဦး ဖမ်းဆီးခံ ခဲ့ရပါတယ်။

ပထမဖြစ်ရပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ချင်းမိုင်မြို့ ဈေးကြီးအနီး မယ်ပင်းမြစ်ကူး ကျန်ဆုမ်တံတားနားမှာ အုပ်စုဖွဲ့နေတဲ့ လူငယ် ၁၈ ဦးကို တာဝန်ရှိရဲတွေက လာရောက်ဖမ်း ဆီးသွားတာပါ။

ဒီမတိုင်ခင်က အဲဒီတံတားအနီးတ၀ိုက်မှာ ရွှေ့ပြောင်းအလုပ်သမား ရှမ်းလူငယ်တွေဟာ အုပ်စုဖွဲ့ ဆူညံတာ၊ စကားများတာတွေရှိပြီး လမ်းသွားလမ်းလာပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အရေးယူပေးဖို့  တိုင်တန်းချက်လက်ခံရရှိခဲ့တာလို့ ချင်းမိုင်မြို့မရဲစခန်း တာ ၀န်ကျရဲအုပ် နခွန်းအွန်တန်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါကြောင့် အဆိုပါနေရာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ မနက် ၁၀ နာ၇ီလောက်က သွားရောက်စစ်ဆေးပြီး တံတားပေါ်ရှိ လူငယ်တစ်အုပ်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သူတို့ထဲက ၁၈ ဦးကို  လူအများဖြတ်သန်းသွားရာ တံတားပေါ် လဲလျောင်းခြင်း၊  တံတား လက်ရမ်းပေါ်မှီခြင်း၊ ထိုင်ခြင်း စတဲ့ပြစ်မှုနဲ့ လည်းကောင်း၊ ၁ ဦးမှာ မြင်းဆေးသုံးစွဲမှု၊ ၂ ဦးမှာ ပြည်သူပိုင်နေရာတွင် အရက်သောက်ခြင်း၊ ၁ ဦးမှာ အန္တရာယ်မရှိပါဘဲ လက်နက်ကို င်ဆောင်မှု၊ ၁  ဦးမှာ ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်ရောက်နေထိုင်မှုတွေနဲ့ အရေးယူထားပြီး ဆိုင်ကယ် ၂ စီးကိုလည်း စစ်ဆေးရန်အလို့ငှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒုတိယဖြစ်ရပ်မှာ ဇူလိုင် ၂၃ ရက်နေ့ညက ချင်းမိုင်မြို့လယ်ခေါင် ထာ့ဖဲဂိတ်နားမှာ လူငယ်တစ်စု အင်္ကျီချွတ်ပြီး တယောက်နဲ့ တယောက်ထိုးနှက်တိုက်ခိုက်နေတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာပြန့်နေခဲ့တာပါ။

ဗွီဒီယိုဖိုင်တင်သူတွေက သူတို့ဟာ ရွှေ့ပြောင်းအလုပ်သမား ရှမ်းလူငယ်တွေလို့ ပြောကြပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က သူတို့ထွက်သွားရာ လမ်းကြောင်း နောက် စီစီကင်မရာတွေ ပြန်ဖွင့်ကြည်ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာဘဲ လူငယ် ၄ ဦးကို ပန်းရောင်းတဲ့ ဆိုင်တဆိုင်အနီးမှာ ဖမ်းမိခဲ့ပါတယ်။ သူတို့ဟာ အသက် ၁၅ နှစ် နဲ့ ၁၉ နှစ်ကြား ရှမ်းလူငယ်လေးတွေဖြစ်တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

လူငယ်တွေကို စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ အဲဒီညက ဆိုင်ကယ်စီးပြီး မြို့ထဲလှည့် ပတ်မောင်းနေစဉ် အခြား သူတို့ထက်ပိုပြီးလူများတဲ့ ဆိုင်ကယ်စီးအဖွဲ့တဖွဲ့ရဲ့ စိမ်ခေါ်ရန်စမှုကို ခံရကြောင်း၊ ထာ့ဖဲဂိတ်အနီးပြန်တွေ့တဲ့အခါ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ရဲစခန်းကတော့ သူတို့ကို ပြည်သူပိုင်နေရာမှာ အုပ်စုဖွဲ့ရန်ဖြစ်မှု၊ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မည်သူမဆို ခုလိုလမ်းပေါ်အုပ်စုဖွဲ့ပြီး စည်းကမ်းမဲ့နေထိုင်တာ၊ ခိုက်ရန်ဖြစ်ပွားတာတွေ ဟာ အများပြည်သူ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံရေးကိုထိခိုက်လာနိုင်တာကတကြောင်း၊ မြို့ပြပုံရိပ်ကိုလည်း အကျည်းတန်စေတာကြောင့် နောက်နောင် ခုလိုအမြင်မတော်တာတွေရှိရင်၊ သင်္ကာမကင်းတွေ့ရင် နီးစပ်ရာရဲစခန်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးဖို့  ရဲအုပ် နခွန်းအွန်တန်က ပြောပါတယ်။

ကိုးကား - ချင်းမိုင်နယူးစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013