DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံမြေများကို တောင်သူများ ဥပဒေကြောင်းအရ ပြန်ရယူနိုင်စေရန် ပညာပေး
DVB
·
July 24, 2018
သိမ်းဆည်းခံမြေများကို တောင်သူများ ဥပဒေကြောင်းအရ ပြန်ရယူနိုင်စေရန် ပညာပေး
Donate to DVB

အသိမ်းခံမြေတွေ ပြန်လည်ရယူတဲ့အခါ မြေယာဥပဒေ၊ နည်းဥပဒေတွေကို သိနား လည်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေက တောင်သူ ၉၀ လောက်နဲ့  မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ စက်မှုကွက်သစ်မှာ ဇူလိုင် ၂၁ရက်နဲ့ ၂၂ရက်တွေက ဆွေးနွေး ပညာပေးခဲ့ကြပါတယ်။

အရင်ခေတ်က တောင်သူတွေဆီက လယ်ယာမြေတွေကို အာဏာပိုင်တွေက သိမ်းချင်သလို သိမ်းယူခဲ့တယ်။ အခုအခါမှာ အဲဒီ လယ်ယာမြေတွေကို တရားနည်းလမ်းကျကျ ပြန်လည်ရယူတဲ့အခါ တောင်သူတွေမှာ အခက်အခဲတွေ အများကြီးတွေ့နေလို့  မိမိပိုင် လယ်ယာမြေကို ဥပဒေနဲ့အညီ နည်းမှန်လမ်းမှန် ရယူနိုင်အောင် အလုပ်ရုံဆွေးနွေးပွဲ လုပ်ပေးတာလို့ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး လူမှုအဖွဲ့ဝင် ဦးလွင်မောင်မောင်က ပြောပါတယ်။

လယ်သိမ်းခံတောင်သူတွေအနေနဲ့ မိမိမှာ အထောက်အထားရှိမယ်ဆိုရင် လယ်ယာမြေ လျော်ကြေး နစ်နာကြေး ရကို ရရမယ်လို့  ရှေ့နေကြီးဦးမြင့်သွင်ကပြောပါတယ်။

“စစ်အုပ်ချုပ်ရေးခေတ်တုန်းက ‎လယ်ယာမြေကို သိမ်းယူခဲ့ရင် ၁၈၉၄ လယ်သိမ်း ယာသိမ်း ဥပဒေ၊ ၁၉၅၃ လယ်သိမ်း ယာသိမ်းဥပဒေနဲ့ သိမ်းယူပါ ဆိုတာ ဌာနအဆင့်ဆင့်ကို ညွှန်ကြားထားပေမယ့် အောက်ခြေဝန်ထမ်းတွေက လုပ်ချင်သလို လုပ်ကြတယ်။ အဲဒီညွှန်ကြားချက်တွေကို မလိုက်နာကြဘူး။ အဲဒါကြောင့် ပြဿနာတွေ ပေါ်လာရတယ်။ ကိုယ့်ဆီမှာ အထောက်အထား ရှိဖို့ လိုပါတယ်”

တောင်သူ ဦးဌေးကတော့ “ဒီလိုမျိုး ဆွေးနွေးပွဲတွေ အများကြီး လုပ်ပေးစေချင်တယ်။ ဒါမှသာ ဒါကတော့ ပြန်ရမယ်၊ ဒါကတော့ လျော်ကြေးရမယ်၊ ဒါကတော့ မတရားလုပ်ထားတာ၊ အဲဒီလို ခွဲခြားနိုင်ပြီး ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ အသိပညာရစေတယ်။ ပညာရှင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်"လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ဒို့တောင်သူသမဂ္ဂနှင့် အလင်းတန်း တောင်သူများကူညီရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ပေးတာဖြစ်ပြီး အခုလက်ရှိမှာလည်း တပ်သိမ်းမြေ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန သိမ်းမြေ၊ ဆည်မြောင်းသိမ်း မြေတွေကို တောင်သူတွေ လက်ဝယ် ပြန်လည်ရအောင်၊ လျော်ကြေးရအောင် ကူညီလုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013