DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်တောင်ပိုင်းတွင် စက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်မည်
DVB
·
July 24, 2018
ဒဂုံမြို့သစ်တောင်ပိုင်းတွင် စက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်မည်
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ စက်မှုလက်မှုသိပ္ပံကျောင်းတခုကို ဘတ်ဂျက်လျာထားချက် အတည်ပြုပြီးရင် အကောင်အထည်ဖော်တော့မယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

စက်မှုလက်မှု သိပ္ပံကျောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ ၁၀၅ ရပ်ကွက်၊ လှော်ကားလမ်းနဲ့ ကရုဏာလမ်းထောင့် မြေဧရိယာ ၁၄ ဧကပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတာပါ။

ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က “ပြည်ထောင်စု အစိုးရဆီက ကတိကဝတ် ရပြီးပါပြီ။ ဘက်ဂျက်လျာထားချက်မှာ ပါဝင်ပါတယ်။ အခု နဝမအကြိမ် လွှတ်တော်မှာ အတည်ပြုပြီးရင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မဲဆန္ဒနယ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “တိုင်းဒေသကြီး အစိုးရကလည်း အခု လျာထားတဲ့နေရာကို ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ ဘက်ဂျက်လာထားချက်မှာ ပါပြီ ဆိုကတည်းက ဆောက်ဖို့ အတည်ပြုပြီလို့ ယူဆလို့ ရပါတယ်”လို့  ပြောပါတယ်။

အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းကို  သုံးထပ်အဆောက်အဦ အမျိုးအစား တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013