DVB Logo
Home
မြန်မာသတင်း
မြစ်ရေတက်သဖြင့် ရွှေကျင်မြို့ စာသင်ကျောင်းနှင့်နေအိမ်များ အရေးပေါ်ပြောင်းရွှေ့
DVB
·
July 24, 2018
မြစ်ရေတက်သဖြင့် ရွှေကျင်မြို့ စာသင်ကျောင်းနှင့်နေအိမ်များ အရေးပေါ်ပြောင်းရွှေ့
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ စစ်တောင်းမြစ်ရေ တက်လာတဲ့အတွက် မြစ်ကမ်းနံဘေးက မြေနိမ့်ပိုင်းမှာရှိတဲ့ စာသင်ကျောင်း ၂ ကျောင်းနဲ့ နေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။

ရွှေကျင်မြို့ ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ထွန်းနိုင်က “စစ်တောင်းမြစ်ရေ စိုးရိမ်အမှတ်ထက် ၁ ပေခွဲခန့် ကျော်လွန်လာတာကြောင့် မြေအနိမ့်ပိုင်းတွေဖြစ်တဲ့ သောင်လယ်ကျေးရွာက အိမ်ထောင်စု ၁၅ စုက လူဦးရေ ၇၀ ကျော်ကို အုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး အမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ပေးခဲ့ပြီး နေရေးစားရေး အဆင်ပြေစေဖို့နဲ့ ကျန်းမာရေအတွက် ဆေးကုသတာတွေ ပြုလုပ်ပေးနေသလို ညောင်ဝိုင်းရပ်ကွက်မှာလည်း ရေဘေးသင့်ပြည်သူ တွေကို လတ်တလောပြောင်းရွှေ့တာတွေ ပြုလုပ်ပေးနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ်တိုင်းတော့ ပုံမှန်ရေတက်နေကြ အနေအထားပါ။ ခုလုပ်တာကလည်း စစ်တောင်း မြစ်ရေ ထပ်တက်လာနေတာကြောင့် ကျတော်တို့ဘက်က နောက်ကျမှု မဖြစ်ရအောင် အမြဲ စောင့်ကြည့်လက်ဦးမှုယူပြီး လုပ်တဲ့သဘောပါ။ နောက်ထက်တက်လာမယ်ဆိုရင် ကျနော်တို့မှာ အစီအမံတွေ ရှိပါတယ်။ အဲ့အစီအစဉ်အတိုင်း ဆက်လုပ်သွားမှာပါလို့ ဗိုလ်မှူးကြီးမြင့်ထွန်းနိုင် က ဆိုပါတယ်။

မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးတိုင်းတာချက်အရ အဆိုပါမြို့ရဲ့ စိုရိမ်ရေမှတ် ၁၀၇၀ စင်တင်မီတာရဲ့အထက်ကို ကျော်လွန်သွားပြီ ၁၁၃၆ စင်တီမီတာထိ ရောက်ရှိနေခဲ့တာကြောင့် ရွှေကျင်မြို့ရဲ့ မြေနိမ့်ပိုင်းတွေ ကို စတင်ဝင်ရောက်နေတာဖြစ်ပါတယ်။

လက်တလော စစ်တောင်းမြစ်ရေတက်လာတဲ့အတွက် ရွှေကျင်မြို့အနိမ့်ပိုင်းတွေဖြစ်တဲ့ သောင်လယ်ကျေးရွာနဲ့ ညောင်ဝိုင်းရပ်ကွက်တွေကို ရေအများဆုံးဝင်ရောက်နေပြီး ရေဘေးသင့် သူဦးရေကို အတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက်ပေဝက်လောက် ရောက်ရှိနေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလက အကြံပြုထားပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013