DVB Logo
Home
မြန်မာသတင်း
နတ္တလင်း မူလတန်းကျောင်း စာသင်ဆောင်နှင့်ဆရာ မရှိသဖြင့် အခက်ကြုံ
DVB
·
July 24, 2018
နတ္တလင်း မူလတန်းကျောင်း စာသင်ဆောင်နှင့်ဆရာ မရှိသဖြင့် အခက်ကြုံ
1 / 5
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ် အောင်သာယာကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၄ ရွာက အခြေခံပညာမူလတန်းကျောင်းမှာ စာသင်ဆောင်နဲ့ ဆရာ/ဆရာမ မရှိတဲ့ အတွက် ကျောင်းသား/သူ ၅၀ ကျော် စာသင်ကြားဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာဦးသက်ဆွေဦးက ဒီဗွီဘီကိုပြောပါတယ်။

"ဒီကျောင်းလေးက ၂၀၁၅ ခုနှစ်က အစိုးရအသိအမှတ်ပြုထားတဲ့ ကျောင်းပါ။ ကျနော်က ဒီနှစ်မှရောက်တာ ကျောင်းက အမိုးအကာ မလုံဘူး။ စာသင်ခုံ မရှိဘူး။ ဆရာထိုင်ခုံတောင် မရှိတဲ့အတွက် မြေကြီးပေါ်မှာ စာသင်ရတယ်။ ဆရာက ကျနော်တယောက်တည်း ရှိတဲ့အတွက် KG တန်းကနေ လေးတန်းအထိ တယောက်ထဲသင်ရတော့ အဆင်မပြေဘူး။ မြို့နယ်ပညာရေးမှူး ရုံးကတော့ ၁၀ လပိုင်းမှာ ဆရာ/ဆရာမ ထပ်ချပေးမယ်ပြောတယ်။ ကျေးရွာကတော့ စာသင်ဆောင်ချပေးဖို့ တောင်းထားတယ်ပြောတယ်။ ဘယ်တော့ ချပေးမယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ လက်ရှိလေတိုက်လို့ ကျောင်းပြိုသွားတဲ့အတွက် ဘုန်းကြီးကျောင်းမှာ စာသင်နေရတယ်"လို့ ပြောပါတယ်။

ငကွဲကြီးကျေးရွာက ရာအိမ်မှူး ဦးသန်းဝင်းအောင်က "ကျနော်တို့ကျေးရွာမှာ စာသင်ကျောင်း မရှိလို့ ကိုယ်ထူကိုယ်ထ ကျောင်းလေးဆောက်ပြီး ဆရာ/ဆရာမ ငှားသင်ရ တယ်။ ဆရာတယောက်ကို တနှစ်ကို စပါး ၉၀ တင်းပေးပြီး ငှားရတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မြို့နယ်ပညာရေးဌာနက အစိုးရ အသိအမှတ်ပြုပေးတယ်။ စာသင်ဆောင်ချပေးဖို့ ကျနော်တို့ တောင်းတယ်။ နောက်ကျလို အဲနှစ်မှာ မရတော့ဘူးလို့ပြောတယ်။ အခုလည်း ထပ်တောင်း ထားပါတယ်။ မြို့နယ်ကလာတော့ ကြည့်သွားတယ်။ ဘယ်တော့ချပေးမယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ အခုတော့ ဆရာတယောက်နဲ့ ရွာက ကျောင်းထိုင်ဘုန်းကြီး စာသင်ပေးနေတယ်။ ကျနော်တို့ကျောင်းသားမိဘတွေကတော့ စာသင်ဆောင်နဲ့ ဆရာ/ဆရာမ အမြန်ချထားပေးဖို့ မျော့်လင့်နေပါတယ်"လို့ပြောပါတယ်။

အောင်သာယာကျေးရွာအုပ်စုအတွင်းရှိ ငကွဲကြီးကျေးရွာ၊ ကျွန်းပင်ရိုးကျေးရွာ ကျောက်လက်သန်းကျေးရွာနဲ့ နွားတဲကုန်းကျေးရွာတွေမှာ အရင်ကအခြား ကျေးရွာအုပ်စု ကျောင်းတွေမှာ စာသင်ကြားခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ကျေးရွာမှ ကိုယ်ထူကိုယ်ထကျောင်း ဆောက်လုပ်ခဲ့ပြီး ကျောင်းသားမိဘတွေက ဆရာငှားသင်ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်မှာ ပညာရေးဌာနက အစိုးရကျောင်းအဖြစ် အသိအမှတ်ပြုပေးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကျောင်းဆရာတဦး ချထားပေးခဲ့ပါတယ်။ ဒီနှစ်မှာ လေတိုက်တာကြေင့် ကျောင်းပြို ကျခဲ့ပြီး လက်ရှိကျောင်းသား/ကျောင်းသူ ၅၀ လောက် ဘုန်းကြီးကျောင်းမှာ စာသင်ကြားနေရ ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013