DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များ နေရပ်ပြန်ရေး အားစိုက်လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ တိုက်တွန်း
DVB
·
July 24, 2018
ဒုက္ခသည်များ နေရပ်ပြန်ရေး အားစိုက်လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ တိုက်တွန်း
Donate to DVB

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးပွဲကို မနေ့က ကျင်းပပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဆန္ဒအလျောက် ပြန်လာနိုင်ရေး အားစိုက်ဆောင်ရွက်ဖို့ မြန်မာကို တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေရဲ့ လူမှုစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနဲ့ နေရပ်ပြန်နိုင်ရေး ချောမွေ့အောင် ကူညီဆောင်ရွက်ပေးဖို့  ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တိုက်တွန်းကြောင်းနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအပေါ် လွတ်လပ်ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖို့ ဆက်လက် ဖိအားပေးသွားမယ်လို့လည်း လုံခြုံရေးကောင်စီကိုယ်စား ဆွီဒင်သံအမတ်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာပြည်ဆိုင်ရာ အထူးသံတမန် ခရစ္စတင်း ရွှာနာဘာဂီနာလည်း တက်ရောက်ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်ခေါ်ချင်တယ်ဆိုတာကို မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ကြေညာထားပြီးဖြစ်တယ်၊ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား  တင်းမာမှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အရမ်းကို အပြုသဘောဆောင်၊ အရမ်းကို ပွင့်ပွင့်လင်းလင်းနဲ့  အရမ်းရင်းရင်းနှီးနှီးရှိတဲ့အကြောင်း၊ ရခိုင်အရေး အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေအကြောင်း သိရှိတဲ့အကြောင်းလည်း ပြောပါတယ်။

မစ္စဘာဂီနာဟာ ပြီးခဲ့တဲ့ ဧပြီလက ကုလအထူးသံအဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လက ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး လာမယ့် စက်တင်ဘာလလောက်မှာ မြန်မာနိုင်ငံကို နောက်ထပ်တကြိမ် သွားရောက်ဖို့ အစီအစဉ်ရှိသလို နေပြည်တော်မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ ရုံးဖွင့်လှစ်ဖို့လည်း ရှိနေပါတယ်။

လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ အပါအဝင်  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကိုးကား-အေပီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013