DVB Logo
Home
မြန်မာသတင်း
သွေးပျက်ထိတ်လန့်ဖွယ် လျှို့ဝှက်သည်းဖို The Row ရုပ်ရှင် (နမူနာ)
DVB
·
July 24, 2018
သွေးပျက်ထိတ်လန့်ဖွယ် လျှို့ဝှက်သည်းဖို The Row ရုပ်ရှင် (နမူနာ)
Donate to DVB


 

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် The Row အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ မက်တီဘက်ကာမန်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

တက္ကသိုလ်အဆောင်တခုထဲမှာ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး တယောက်ပြီး တယောက် အသတ်ခံနေရချိန်မှာ ရိုင်လေဆိုတဲ့ မိန်းကလေးဟာ ဘာမှမသိဘဲ အဲဒီနေရာဆီ အသစ်ရောက်လာခဲ့တယ်။ သူ့ရဲ့ ဖခင်ဖြစ်တဲ့ ကိုးလ်က စုံထောက်တယောက်ဖြစ်ပြီး လျှို့ဝှက် ရက်စက်တဲ့ ဒီအခြေအနေကို မလွန်ခင်မှာ ဖော်ထုတ်ဖို့ ကြိုးစားချိန်မှာပဲ နောက်ထပ်ပစ်မှတ်က သမီးဖြစ်သူ ရိုင်လေ ဖြစ်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ ကောလင်းအက် ဂဲလ်စ်ဖီးလ်ဒ်၊ ဒိုင်လန် စပရေးဘယ်ရီ၊ လာလာကန့်တ်၊ လက်ဆီ အက်တ်ကင်စ်တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013