DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် ယာယီတဲများ ရေကြီး၊ တဲများ မိုးမလုံသဖြင့် အခက်ကြုံ
DVB
·
July 24, 2018
မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် ယာယီတဲများ ရေကြီး၊ တဲများ မိုးမလုံသဖြင့် အခက်ကြုံ
1 / 5
Donate to DVB

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှာ မိုးရေနဲ့ တောင်ကျရေ ကြောင့် တည်ဆောက်ထားတဲ့ ယာယီတဲတွေဟာ ရေကြီးနစ်မြုပ်နေပြီး မိုးမလုံတဲ့အတွက် ဆက်လက်နေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းက ယာယီတဲ တွေမှာ မိုးမလုံတဲ့အတွက်​ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ အပြင် မိုးရေနဲ့တောင်ကျရေတွေကြောင့် ယာယီတဲတချို့ ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

မြိုင်ကြီးငူ၊ အေးလင်းသာယာစခန်းမှာ ခိုလှုံသူ၊ ဦးမောင်ကျော်က “အခက်အခဲကတော့ မိုးရွာတယ်၊ နေလို့ အဆင်မပြေဘူး။ ကလေးက မိုးရွာရေကြီးတော့ စိုသွားတယ်လေ။ အခက်အခဲကတော့ ပြောမတတ်တော့ဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ပရဟိတ၊ ဦးထက်အောင်လင်းက “တော်တော် အခြေအနေဆိုးတယ် ဒီမှာ။ မိုးကကြီးလာပြီ။ ရွာလာပြီဆိုတော့။ အဲအတွက်လည်း မိုးတွင်းဆိုတော့ တဲတွေလည်း မိုးတွေယို ကလေးတွေနဲ့ တော်တော်ကြီးကို ကသီလင်တနိုင်တယ်လို့ မြင်တယ်။ သူတို့ကို တချိန်လုံး ထောက်ပံ့နိုင်မယ့် သူက မရှိသေးဘူး။ ကျနော်တို့တွေအနေနဲ့ကလည်း တချိန်လုံး မထောက်ပံ့နိုင်ဘူး။ အစိုးရအနေနဲ့ အလုပ်အကိုင်တခုခု ဖန်တီးပေးစေချင်တယ်။ ပုံမှန်ဝင်ငွေနဲ့ လည်ပတ်နိုင်ပြီးတော့ သူတို့ဘာသာသူတို့ အဆင်ပြေသွားနိုင်မယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းကို ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ စားသောက်စရာတွေကို လာရောက်လှူဒါန်းတာတွေရှိပြီး မိုးမလုံတဲ့ ယာယီတဲတွေအတွက် ယာယီနေထိုင်နိုင်ဖို့ မိုးကာစ တွေကို လှူဒါန်းမှုတချို့ရှိပေမယ့် လုံလောက်မှုမရှိတဲ့အတွက် အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုတွေ လိုအပ်နေ​သေးတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

မြိင်ကြီးငူ စစ်ဘေးရှောင်စခန်း၊ ၂၄ ရွာ အတွင်းရေးမှူး၊ ဦးအောင်ဝင်းထွန်းက “အခု လောလောဆယ်မှာတော့ မြင်ရတဲ့အတိုင်းပေါ့။ ရေတွေတက်လာတဲ့အတွက် မိုးကလည်း များလာတော့ မိုးရေနဲ့ဆိုတော့ အခုသူတို့တွေ နေလိုလည်း မတတ်တော့ဘူးပေါ့။ ကျောင်းထဲမှာ ခဏရွှေ့လာရတာ။ တချို့အိမ်တွေ ကျတော့လည်း မိုးအရမ်းယိုတယ်။ အခုလည်း အလှူရှင် ပတ်တူတွေ (မိုးကာစ) လာလှူတယ်ဆိုတော့ နည်းနည်းလေးတော့ အဆင်ပြေသွားတာပေါ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းဖြစ်တဲ့ အေးလင်းသာယာ၊ မြပန်းဝတ်မှုံ စခန်း ၂ ခုမှာ လာရောက်ခိုလှုံနေတဲ့ အိမ်ထောင်စုပေါင်း ၁ ထောင်ကျော်၊ လူဦးရေ ၅ ထောင်ကျော် ယာယီတဲထိုးပြီး ခိုလှုံနေတာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013