DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့  အလုပ်ဖြင့်သက်သေပြရန် တိုက်တွန်း
DVB
·
July 24, 2018
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့  အလုပ်ဖြင့်သက်သေပြရန် တိုက်တွန်း
Donate to DVB

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ပြောင်ရွှေ့ကြမယ့် အရာရှိကြီးတွေ၊ အရာရှိတွေအနေနဲ့ မျက်နှာကြီးငယ်မရွေးဖမ်းဆီးဖို့၊ စိတ်သစ်လူသစ်နဲ့ စိတ်ပါနှစ်ပြီး အလုပ်နဲ့သက်သေပြဖို့ ပြည်ထဲရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ကို အင်အား ထပ်ဖြည့်ဖို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ကြမယ့် အရာရှိကြီးတွေနဲ့ အရာရှိ ၄၄ ယောက်ကို မနေ့က ပြည်ထဲရေးဝန်ကြီးက တွေ့ဆုံ မှာကြားလိုက်တာလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မူးယစ်ဆေးဝါးတွေကို သတင်းစုံစမ်းပြီး မျက်နှာကြီးငယ်မရွေး ဖမ်းဆီးအရေးယူနိုင်ရေး ဦးတည်ဆောင်ရွက်ကြဖို့နဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှာ စိတ်သစ်လူသစ်နဲ့ စိတ်ပါနှစ်ပြီး အလုပ်နဲ့သက်သေပြဖို့ လိုတယ်လို့လည်း ဝန်ကြီးက မှာကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို သွေးသစ်လောင်းလိုတာကြောင့် အခုလို ရဲတပ်ဖွဲ့ဝင်တွေထဲက သင့်တော်သူတွေကို စိစစ်ထုတ်နှုတ် ပြောင်းရွှေ့တာဝန်ပေးအပ် ဖွဲ့စည်းပေးခဲ့တာလို့လည်း ဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးနှိမ်နင်ရေးနဲ့ပတ်သက်ပြီး သတင်းပေးတိုင်ကြားနိုင်ဖို့ နိုင်ငံတော် သမ္မတရုံးမှာ ဌာနဖွင့်လှစ်ထားပြီး သတင်းတွေအပေါ်မှာ အထူးအဖွဲ့ စေလွှတ်ဖမ်းဆီးမယ်လို့ သမ္မတက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013