DVB Logo
Home
မြန်မာသတင်း
တပ်ကို အမိန့်ပေးရန် ဝန်ကြီးချုပ်များတွင် လုပ်ပိုင်ခွင့်အာဏာမရှိဟု တပ်မတော်ထုတ်ပြန်
DVB
·
July 24, 2018
တပ်ကို အမိန့်ပေးရန် ဝန်ကြီးချုပ်များတွင် လုပ်ပိုင်ခွင့်အာဏာမရှိဟု တပ်မတော်ထုတ်ပြန်
Donate to DVB

တပ်ကို အမိန့်ပေး၊ တာဝန်ပေးဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတာ မရှိကြောင်း  တပ်မတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိရေးကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ်  တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအရ အရေးပေါ်အခြေအနေအတွက် အဓိကလုပ်ပိုင်ခွင့်အာဏာဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာသာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်း မရှိကြောင်း၊  ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်းရဲ့ ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ အခန်း (၁၁) ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီသာ ဆောင်ရွက်သွားရမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ထားရှိရေးကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကယားပြည်နယ် ဝန်ကြီးချုပ်က ဆူပူသောင်းကျန်းမှုတွေ၊ မငြိမ်သက်မှုတွေ ဖြစ်လာရင် လိုအပ်ပါက တပ်ကို ထိန်းခိုင်းဖို့ တာဝန်ပေးမယ်လို့ ပြောကြားခဲ့တဲ့အပေါ် ခုလို တပ်မတော်က သဘောထား ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

Photo : Cincds

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013