DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားများကို လူ့အခွင့်အရေးချိုးဖောက်မှု မတွေ့ရဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
DVB
·
July 23, 2018
အကျဉ်းသားများကို လူ့အခွင့်အရေးချိုးဖောက်မှု မတွေ့ရဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
Donate to DVB

မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနဲ့ ဝန်ထမ်းတွေဟာ အကျဉ်းသားတွေကို ထိန်းသိမ်းရာမှာ ယေဘုယျအားဖြင့် လူ့အခွင့်အရေးချိုးဖောက်တာ မတွေ့ရဘဲ အကျဉ်းသားတွေ ကို အသက်မွေး ဝမ်းကြောင်းပညာ၊ အတန်းပညာတွေ သင်ပေးတာမှာလည်း အားရစရာ ကောင်းတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေပါဝင်တဲ့ ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဟာ ဇူလိုင်လ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ ပခုက္ကူအကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်၊ ကုန်ထုတ်စခန်းတွေနဲ့ ရဲစခန်းအချုပ်တွေကို သွားရောက် ကြည့်ရှုခဲ့ပြီး တွေ့ရှိချက်တွေကို ဒီနေ့ ကြေညာတာပါ။

မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနဲ့ ဝန်ထမ်းတွေအနေနဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းရာမှာ ယေဘုယျအားဖြင့် လူ့အခွင့်အရေးချိုးဖောက်တာ မတွေ့ရဘဲ ပြုပြင်လို့ရနိုင်တဲ့ လိုအပ်ချက်တချို့ကိုပဲ တွေ့ရတယ်လို့ ဆိုပါတယ်။  ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကို အုပ်ချုပ်မှု အရနဲ့ စည်းကမ်းအရမှာ တာဝန်ခံအရာရှိအနေနဲ့ ကောင်းကောင်းမွန်မွန် နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင် တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စားသောက်ရေးမှာလည်း အားနည်းချက် အနည်းဆုံး ဆောင်ရွက်နိုင်တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေး အိုးဘို (ဗဟို) အကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက “ထောင်ထဲမှာ လက်သမား၊ ပန်းရံ၊ စက်ယက္ကန်း၊ ဝရိန်၊ ဆံသ၊ စက်ချုပ်နဲ့ အရုပ်ထိုး ပညာတွေ သင်ပေးပါတယ်။ အရုပ်ထိုးကတော့ စွန့်ပစ် ပစ္စည်းတွေနဲ့ အရုပ်လေးတွေ ထိုးပြီး ထောင်ရှေ့က ဆိုင်မှာ ပြန်ရောင်းပေးတာပေါ့။ ရတဲ့ ပိုက်ဆံကိုလည်း သူတို့ကိုပဲ ပြန်ပေးပါတယ်။ စက်ချုပ်ကတော့ လူမှုဝန်ထမ်းနဲ့ပေါင်းပြီး လုပ်နေတာပါ။ အဲဒီက ဆရာမတွေက လာသင်ပေးပါတယ်” လို့ ပြောပါတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း လူ ၈၀၀၀ ကျော်စာ ချက်ပြုတ်ရတာ ဖြစ်လို့ အဆင်မပြေတာတွေရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

“အကျဉ်းသားတွေကို ရည်မှန်းချက်အတိုင်း ပြင်ပနည်းတူ နေနိုင်အောင်တော့ ဆောင်ရွက်ပေး နေပါတယ်။ ဒါပေမယ့် လူတွေကတော့ လောဘသားတွေပါပဲ။ ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ အတတ်နိုင်ဆုံးတော့ ဥပဒေဘောင်ထဲက အကောင်းဆုံးဖြစ်အောင် ဝန်ထမ်းတွေက ဆောင်ရွက်ပေး နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေး အကျဉ်းထောင်ထဲကနေ စာမေးပွဲဖြေဆိုပြီး ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်သူ ၄ ယောက် အပါအဝင် ဂုဏ်ထူးရှင် ၂၀ ကျော် ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အဝေးသင်ကျောင်းသားတွေ အပါအဝင် မန္တလေးအိုးဘို အကျဉ်းထောင်မှာ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်း၊ အဝေးသင်တက္ကသိုလ်တက်ရောက်နေတဲ့ အကျဉ်းသားပေါင်း ၁၃၇ ယောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013