DVB Logo
Home
မြန်မာသတင်း
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားကျင်းပ
DVB
·
July 23, 2018
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားကျင်းပ
Donate to DVB

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် အားစိုက်ကြိုးပမ်းခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၄နှစ် ပြည့်အခမ်းအနားကို ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ မဟာမှိုင်း ဂူဗိမာန်မှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား သမဂ္ဂတွေနဲ့ ဆရာကြီးကို ချစ်ခင်လေးစားတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ် သူမွေးဖွားရာဇာတိ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာလည်း အောက်မေ့ဖွယ် အခမ်းအနားတခုကို  ဒေသခံ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ဝင်တွေက စကားပြောပွဲ ကျင်းပသွားပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ရွှေတောင်မြို့နယ်နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ရန်ကုန်-ပြည်လမ်းပေါ်က ဝါးလည်ကျေးရွာကလေးမှာ ၁၈၇၆ နှစ်က  မွေးဖွားခဲ့တာပါ။

အဲဒီရွာမှာ ဆရာကြီးအတွက် အမှတ်တရ ငြိမ်းချမ်းရေး ဗိမာန်တခုတည်ဆောက်ဖို့ ကြိုးပမ်းခဲ့ကြပေးမယ့် ဒီနေ့အထိ မဆောင်ရွက်နိုင်သေးဖူးလို့ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)က  ဒေါ်နှင်းနှင်းရီက ပြောပါတယ်။

ဆရာကြီးကဘဝတလျှောက်လုံး အဖိနှိပ်ခံဘဝတွေဘက်က ရပ်တည်ခဲ့ပြီး ဘဝတလျောက်လုံးလည်း ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် လုပ်လာခဲ့ပါတယ်၊ ဒါကြောင့်သူလိုလားခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ထိုးစစ်တွေ ရပ်တံ့ပေးဖို့ အတွက် တောင်းဆိုတယ်လို့လည်း  သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)က ဦးချစ်ဆောင်ဦးက ပြောပါတယ်။

ဒီနေ့အခမ်းအနားကို ရွှေတောင်မြို့ ရွှေမျက်မှန်ကျောင်းတိုက်မှာပြုလုပ်ခဲ့ပြီး ရွှေမျက်မှန်ဆရာတော်ကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဆပ်ကပ်ပြီး  ဆရာကြီးကို အောက်မေ့ အမှတ်ရတဲ့အနေနဲ့ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေကို တယောက်စီ ဆွေးနွေး ပြောကြားခဲ့ကြပါတယ်။

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ဗိမာန်တည်ဆောက်ရေးကိစ္စ ကြန့်ကြာနေတဲ့ကိစ္စတွေ၊ အခုထိငြိမ်းချမ်းရေးမရသေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူကွယ်လွန်ခဲ့တဲ့ အထိမ်းအမှတ်နေ့မှာ ပြည်ခရိုင် ငြိမ်းချမ်းရေးကွန်ရက်က တောင်းဆိုပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ သက်ရှိထင်ရှားရှိစဉ်က  ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးသမားတွေရဲ့ လေးစားမှုကို ခံခဲ့ရသူဖြစ်ပြီး အကြံဉာဏ် ကောင်းတွေကို ပေးနိုင်ခဲ့ သူဖြစ်သလို လွတ်လပ်ရေးရပြီး  ပါလီမန်ဒီမိုကရေစီခေတ်မှာ အင်္လကာကျော်စွာဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။

၁၉၆၄ခုနှစ် ဇူလိုင် ၂၃ ရက်မှာ  ကွယ်လွန်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ စာပေနယ်ပယ်မှာလည်း ထင်ရှားကျော်ကြားသူဖြစ်ပြီး မကွယ်လွန်ခင်မှာ စာပေဋီကာပေါင်း ၅၄အုပ်ကို ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။

ဇေယျာချမ်းအေး/ မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013