DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အနှံ့ ရေကြီး၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်
DVB
·
July 23, 2018
ကရင်ပြည်နယ်အနှံ့ ရေကြီး၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်
1 / 3
Donate to DVB

ကရင်ပြည်နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံ၊ ကော့ကရိတ်၊  မြဝတီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ရွှေဂွန်း၊ ကမမောင်း စတဲ့မြို့တွေမှာ ရေကြီးရေလျှံနေပြီး ရေဘေးသင့် ပြည်သူတွေ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေဆင်းတာနဲ့ သံလွင်မြစ်ရေတက်မှုကြောင့် ပြည်နယ်မြို့တော် ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ထားပြီး စခန်းတခုကို လူပေါင်း ၁ဝဝဝ လောက် ခိုလှုံနေတယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ ကျနော်တို့က မြို့ပေါ်မှာတော့ ရေဘေးရှောင်စခန်း ၇ ခု ဖွင့်ထားတယ်။ စာရင်းကတော့ ကျနော် အတိအကျ မသိသေးဘူး။ ”

မနေ့တုန်းက ရေတက်လို့ ဘားအံ့မြို့ အမှတ် ၁ ရပ်ကွက်မှာ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ ဦးလှကြိုင်က ပြောပါတယ်။

“ဒီမနက် အလောင်းပေါ်လာမှသိတာ။ အသက်က ၃ဝ ဝန်းလောက်ရှိမယ်။  သူ့မိသားစုဝင်တွေ ဒီမနက်မှ သိတာ။ မနက် ၅ နာရီလောက်မှသိတာ။ မီးသတ်အနောက်ဘက်မှာ။  ”

ဘားအံမြို့မှာ ရေကြီးမှုကြောင့် နေအိမ် ၂ဝဝ ကျော် နစ်မြုပ်မှုတွေ ဖြစ်ပွားနေသလို မနေ့တုန်းကလည်း ရွေဂွန်းနဲ့ မြိုင်ကြီးငူအကြား ကားလမ်း ရေကျော်မှုကြောင့် ဆက်သွယ်ရေး ခေတ္တပြတ်တောက်ခဲ့ရပါတယ်။

လှိုင်းဘွဲ့မြို့နယ်ဘက်မှာလည်း ပြီးခဲ့တပတ်ကလောက်ကတည်းက တောင်ကျရေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး နေအိမ် တထောင်ဝန်းကျင်လောက် ရေနစ်မြုပ်နေပါတယ်။

ရေကြီးမှုကြောင့် လှိုင်းဘွဲ့မြို့မှာ ရပ်ကွက် ၄ ခုလုံးရေကြီးပြီး  ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လင့်ထားရာ လူပေါင်း ၁၂၇၈ဦး ခိုလှုံနေကြတယ်လို့ ဒီကနေ့ အဲဒီကို သတင်းသွားယူနေတဲ့ ဒေသခံသတင်းထောက် ကိုရဲမင်းခေါင်က ပြောပါတယ်။

“ရေဘေးရှောင်တွေက မပြန်သေးဘူး။ ပြန်လို့လည်းမရသေးဘူး။  လက်ရှိအခြေနေမှာ ရေကသာ နည်းနည်းလေး တောင်ကျရေနည်းနည်းလျော့သွားပေမယ့် အိမ်တွေမြုပ်နေသေး တယ်လေ။ ”

ရေကြီးမှုကြောင့်လည်း အပျက်အစီးတွေများသလို မနေ့ကလည်း သစ်တောဝန်ထမ်းတဦး ရေကြီးချိန် ဖြတ်သန်းတဲ့အတွက် ဆိုင်ကယ်ရောလူပါ မျောပါ ပျောက်ဆုံးသွားတယ်လို့လည်း ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနား အနိမ့်ပိုင်းမှာနေတဲ့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တွေက လူနေအိမ် ၁ဝဝ ကျော်လောက်ရေ နစ်မြုပ်နေပြီး လူဦးရေ ၇၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ရွှေ့ပြောင်းထားခဲ့ ရပါတယ်။

ဒီကနေ့မနက်မှာတော့ မြဝတီမြို့က သောင်းရင်းမြစ်ရေ ပြန်လည်ကျဆင်းသွားပါတယ်။

Photo : Zaw Win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013