DVB Logo
Home
မြန်မာသတင်း
ဝန်းသိုတွင် ချောင်းရေတက်သဖြင့် ရွာအချို့နှင့် စိုက်ခင်းများ ရေနစ်မြုပ်
DVB
·
July 23, 2018
ဝန်းသိုတွင် ချောင်းရေတက်သဖြင့် ရွာအချို့နှင့် စိုက်ခင်းများ ရေနစ်မြုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှာ ဇူလိုင် ၂၃ ရက်နေ့ မနက် ၁ နာရီလောက်က စတင်ကာ ရွာသွန်းတဲ့မိုးကြောင့် ဒေါင်းမြူးချောင်းရေမြင့်တက်ပြီး ချောင်းဘေးဝဲယာက လယ်ယာစိုက်ခင်းတွေနဲ့ ကျေးရွာအချို့ ရေကြီးရေလျှံနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေလျှံခဲ့လို့ အချို့လယ်တွေမှာ စပါးပင်တွေ အမြစ်က ကျွတ်ထွက်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော် မနက်က ကွင်းဆင်းကြည့်တော့ ရေပြန်ကျနေပြီ။ ပုံမှန်အနေအထားတော့ မရောက်သေးဘူး။ အနိမ့်ပိုင်းတွေ ဝင်သွားတာပါ။ တချို့လယ်ကွက်တွေက စိုက်ကာစဆိုတော့ အမြစ်မစွဲသေးတော့ ကျွတ်ထွက်ကုန်တာ။ မိုးဆက်မရွာလို့ ရေဆက်မတိုးရင်တော့ စိုက်ခင်းတွေက အများကြီး မပျက်စီးနိုင်ပါဘူး။ လမ်းတံတား ပျက်စီးတာလည်း မရှိပါဘူး။ ရွာအနေနဲ့ကတော့ မန်ကျည်းကုန်းအုပ်စု၊ လက်ပံကြီးတောအုပ်စုက ကျေးရွာတွေရေဝင်တယ်။ ရေကျလို့ ပျက်စီးဆုံးရှုံးမှုများရင်တော့ စာရင်းတိတိကျကျကောက်ပြီး မြို့နယ်စီခန့်ကို တင်ပြဖို့မှာခဲ့တယ်” လို့ ဝန်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ဒီဗွီဘီကိုပြောပါတယ်။

ဝန်းသိုမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်တာက ဒီနှစ်အတွင်း ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း မုန်တိုင်းမိုးကြောင့် ချောင်းရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လယ်ယာစိုက်ပျိုးဖို့ ထွန်ယက်ချိန်ဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဝန်းသိုမြို့နယ်အတွင်း မြေနိမ့်ပိုင်းမှာရှိတဲ့ မန်ကျည်းကုန်းအုပ်စု၊ လက်ပံကြီးတောအုပ်စုက ကျေးရွာအချို့မှာ ကျေးရွာအတွင်း နှစ်စဉ်ရေဝင်တာတွေရှိတယ်လို့ ဆိုပါတယ်။

လက်ပံကြီးတောကျေးရွာကတော့ ရေ ၁ ကြိမ်ဝင်ရင် ၂ ပတ်လောက် ကြာတတ်ပြီး အခုရေကတော့ ဘယ်လောက်ကြာမယ်ဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ မိုးဆက်လက် မရွာရင်တော့ ဆုံးရှုံးမှုတွေ နည်းပါးနိုင်ပါတယ်။ မိုးရွာတဲ့အတွက် မိုးမျှော်နေတဲ့ တောင်သူအချို့အတွက်တော့ အဆင်ပြေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013