DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးရှိ ကုမ္ပဏီများ သြဂုတ် ၁ ရက်ကစတင်၍ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံပြန်တင်ရမည်
DVB
·
July 23, 2018
တနိုင်ငံလုံးရှိ ကုမ္ပဏီများ သြဂုတ် ၁ ရက်ကစတင်၍ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံပြန်တင်ရမည်
Donate to DVB

မြန်မာတနိုင်ငံလုံးရှိ  ကုမ္ပဏီတွေအနေနဲ့ လာမယ့် သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး အွန်လိုင်းစနစ်နဲ့  မှတ်ပုံပြန်တင်ရတော့မှာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ မှတ်ပုံတင်ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ကြရမှာဖြစ်ပြီး ကုမ္ပဏီဥပဒေသစ်မှာ နိုင်ငံခြားသားနဲ့ နိုင်ငံသားကုမ္ပဏီခွဲခြားခြင်းမရှိဘဲ ကျင့်သုံးမှာ ဖြစ်တာကြောင့် စိတ်ဝင်စား သူတွေ မြင့်တက်နေပါတယ်။

ဇူလိုင်လ ၂၃ရက်နေ့က ရန်ကုန်မြို့ကုန်စည်စက်မှုအသင်းချုပ်ရုံးမှာ ကျင်းပတဲ့ ဥပဒေသစ် ရှင်းလင်းပွဲကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်ပေါင်း ၁၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

အင်္ဂလိပ်အစိုးရလက်ထက်က ကျင့်သုံးလာခဲ့တဲ့ ကုမ္ပဏီဥပဒေကို ၂၀၁၇ ကုမ္ပဏီ ဥပဒေသစ်ကို ပြောင်းလဲကျင့်သုံးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မှတ်ပုံတင်ထားတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၆၀၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013