DVB Logo
Home
မြန်မာသတင်း
လေ​ဘေးသင့် ပြည်​သူအချို့ ကယ်​ဆယ်​​ထောက်​ပံ့ငွေ မရသဖြင့် မကျေနပ်
DVB
·
July 23, 2018
လေ​ဘေးသင့် ပြည်​သူအချို့ ကယ်​ဆယ်​​ထောက်​ပံ့ငွေ မရသဖြင့် မကျေနပ်
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့နယ်​၊ ရွာမ​ကျေးရွာအုပ်​စု ရွာမ​ကျေးရွာမှာ လေ​ဘေးသင့်ပြည်​သူတချို့ကို သက်ဆိုင်ရာက ကယ်​ဆယ်​​ရေး​ထောက်​ပံ့​ငွေ​ ပေးအပ်​ရာမှာ မျှတမှုမရှိလို့ ​ကျေနပ်​မှု မရှိ​ဘူးလို့ ​လေ​ဘေးသင့်ပြည်​သူ တ​ဦးက ​ပြောပါတယ်​။

ရွာမကျေးရွာ​နေ ဦး​ကျော်​ငြိမ်းက “ပျက်​စီးဆုံးရှုံးတဲ့အထဲက အိမ်​​ထောင်​စုတစုအ​နေနဲ့ ကျနော် ပါဝင်​ပါတယ်​။ တရွာလုံးမှာ ဆိုရင်​ ကျ​နော့်​အိမ်​က အများဆုံးလို့ ပြောမယ်​ဆိုရင်​ ​ပြောလို့ရတာ​ပေါ့။ အဲဒီအထဲမှာ အစိုးရက​နေ ​ထောက်​ပံ့​ကြေး​တွေ​ ပေးမယ်​ဆိုလို့ ဝမ်းသာသလို ​မျှော်​လည်း ​မျှော်​မိတာ​ပေါ့။ တ​ကယ်​လည်း ​ထောက်​ပံ့​ကြေး​ပေး​ရော ကျ​နော်​တို့ အမည်​စာရင်းက ပါမလာဘူး။ အဲဒါကို ​ကျေးရွာဥက္ကဋ္ဌကို​ မေးကြည့်တော့ ဥက္ကဋ္ဌကလည်း ဒါ​တော့ ငါ လုံးဝမသိရဘူး မြို့နယ်​ကပဲ လုပ်​တာလို့ပဲ ပြောပါတယ်”လို့  ​ပြောပါတယ်​။

ဇူလိုင်​ ၁၈ ရက်​ ည ၁၀ နာရီခွဲလောက်မှာ​ ​လေပြင်းတိုက်​ခတ်​ခဲ့​လို့ ရွာမ​ကျေးရွာက​ ​နေအိမ်​ ၈၇ လုံး ထိခိုက်​ပျက်​စီးခဲ့ပြီး လူမှုဝန်​ထမ်း၊ ကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာချထား​ရေး ဦးစီးဌာနမှ ကယ်​ဆယ်​​ရေးပစ္စည်းနဲ့ ​ထောက်​ပံ့​ငွေကို ဇူလိုင်​ ၂၁ ရက်​​က ​နေအိမ်​ ၅၈ လုံးကို ​ထောက်​ပံ့​ငွေနဲ့ ကယ်​ဆယ်​​ရေးပစ္စည်းတွေ​ကို ​ချောက်​မြို့နယ်​ ​လွှတ်​​တော်​ကိုယ်​စားလှယ်​တွေနဲ့ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနက သွား​ရောက်​​ပေးအပ်​ခဲ့ ပါတယ်​။

ရွာမ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးစန်းမြင့်က “အမှန်​တိုင်း​ ပြောပြတာ ကိုယ်​တိုင်​ ဒီစာရင်း ၈၇ ဦး လုပ်​​သော်​လည်း တကယ်​တမ်း​ထောက်​ပံ့​ကြေး​ငွေ​ပေးမယ်​ဆိုတဲ့ အခန်းကဏ္ဍမှာလည်း ဘယ်​လို​ပေးမယ်​ဆိုတာ မသိဘူး။ သူတို့က ဒီလို​ပေးမယ်၊ ​စာရွက်​စာတမ်းနဲ့လာမှ အသံချဲ့​စက်​နဲ့​ ခေါ်​ပေးလိုက်​ရတာ။ ကျ​နော်​အပိုင်းက​တော့ ၈၇ ဦးလုံး တင်​ထားတာ။ အိမ်​မကြီးပဲ ပေးမယ် ​ဆိုရင်​လည်း အိမ်​မကြီးပဲ ပေးလိုက်​၊ ပြဿနာ မရှိဘူး။ ခုက အဖီလန်​တဲ့လူ​တွေလည်း ဆယ်ဦး​၊ ကိုးဦး ပါ​နေတဲ့အတွက်​ အိမ်​မကြီးပဲ ​ပေးတယ်​။ အဖီလန်​တာ မ​ပေးဘူးဆိုရင်​ ဟိုအိမ်​က အဖီလန်​တာ ဘာ​ကြောင့်ရပြီး တို့ကျေတာ့ ဘာ​ကြောင့်မရလဲ ဆိုတဲ့ အ​နေအထားမျိုး ဖြစ်​လာတာ အဲဒီအတွက်​ ကျ​နော့်မှာ ​ဖြေရှင်းရတာ တအားခက်​ခဲ​နေတယ်​”လို့ ​ပြောပါတယ်​။

ချောက်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​​ဆွေဝင်းက “သဘာဝ​ဘေးအန္တရာယ်​​တွေ ဖြစ်​​ပေါ်လာရင်​ ရပ်​ရွာမှာရှိတဲ့ အုပ်​ချုပ်​​ရေးမှူး၊ ဆယ်​အိမ်​မှူး၊ ရာအိမ်​မှူးတွေက​နေ ​ကျေရွာကို အသိ​ပေးပြီး စာရင်း​ကောက်​ယူတာ၊ အဲဒီစာရင်း​ပေါ် မူတည်​ပြီး​တော့ သက်​ဆိုင်​ရာ သဘာဝ​ဘေးဦးစီးဌာနကို ​ပေးပို့ခဲ့ပါတယ်။ ပေးပို့တဲ့အခါမှာ သက်​ဆိုင်​ရာ သက်​ဆိုင်​ရာက လုပ်​ထုံးလုပ်​နည်းနဲ့အညီ သက်​ဆိုင်​ရာ ​ကျေးရွာကို ပြန်​ပြီးဖြန့်​​ပေးခဲ့တာ ဖြစ်​ပါတယ်​။ ​နေအိမ်​ပြိုတယ်​ဆိုရင်​ ရရှိပါတယ်​၊ အမိုးလန်​တာဆိုရင်​ အမိုးလန်​တဲ့စရိတ်​ ရရှိပါတယ်​။ အဖီမှာ အမိုးလန်​ပါတယ်​​ ပြောရင်​​တော့ သက်​ဆိုင်​ရာ ဌာနများက မ​ပေးဘူး။ ​နောက်​ပြီး နွားတင်းကုပ် ဆိုရင်​လည်း မ​ပေးဘူး။ ဒါ​ကြောင့် ၈၇ လုံး ဆို​သော်​လည်း လုပ်​ထုံးလုပ်​နည်းနဲ့ ညီတာ သတ်​မှတ်​ချက်​နဲ့ညီတာ ၅၈ လုံးဘဲ ညီတဲ့အတွက်​ သဘာဝဘေးအန္တရာယ်​က ​ထောက်​ပံ့​ပေးခြင်းဖြစ်​ပါတယ်​”လို့​ ပြောပါတယ်​။

အိမ်​ပြို သစ်​ပင်​ပိ ၆ လုံးအတွက်​ ​ထောက်​ပံ​ငွေ တအိမ်​ကို​ ကျပ် ၁ ​သိန်း၊ အိမ်​တ​ခြမ်းပြို တလုံး ၅ သောင်းကျပ်​နဲ့  အိမ်​အမိုးလန်​သွား​တဲ့ ၅၁ လုံးကို တအိမ်​ကို ၃ သောင်းကျပ်​စီ ​အိမ်​ပြုပြင်​စရိတ်​ ​ထောက်​ပံ့​ပေးခဲ့ပါတယ်။

အိမ်​ပြို ၃ လုံးအတွက်​ ကယ်​ဆယ်​​ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်​၊ သစ်​ပင်​ပိ၊ တ​ခြမ်းပြို ၅၅ အိမ်​အတွက်​ ကယ်​ဆယ်​​ရေးပစ္စည်း ၁၀ မျိုး၊ အိမ်​​ထောင်​စု ၅၈ စု လူဦး​ရေ ၂၇၁ ဦးအတွက်​ ဆန်​ဖိုး ​ထောက်​ပံ့ငွေ လူတဦးကို တ​ပတ်​စာ ဆန်​ရိက္ခာ ၂၁၀၀ ကျပ်​နဲ့ အားလုံး ၅၆၉၁၀၀ ကျပ်​၊  စုစု​ပေါင်း ​ထောက်​ပံ့​ငွေ ၂၇၄၉၁၀၀ ကို ​ပေးအပ်​​ခဲ့တယ်လို့ ချောက်​မြို့နယ်​ ​အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာနက သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013