DVB Logo
Home
မြန်မာသတင်း
YUPT ကုမ္ပဏီ၂၀၁၈ မော်ဒယ် ဘတ်စ်ကားသစ်များ ဝယ်ယူပြေးဆွဲမည်
DVB
·
July 23, 2018
YUPT ကုမ္ပဏီ၂၀၁၈ မော်ဒယ် ဘတ်စ်ကားသစ်များ ဝယ်ယူပြေးဆွဲမည်
Donate to DVB

YBS အများပိုင်ကုမ္ပဏီဖြစ်တဲ့ YUPT ကုမ္ပဏီအနေနဲ့ ၂၀၁၈ မော်ဒယ်အမျိုးအစား ယာဉ်အသစ်တွေ ဝယ်ယူပြေးဆွဲဖို့ရှိတယ်လို့ ကုမ္ပဏီဒုဥက္ကဋ္ဌ (၂) ဦးကိုကိုနိုင်က ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ကုမ္ပဏီပိုင်ယာဉ်ဟောင်းတွေ နေရာနဲ့ တခြားလိုအပ်တဲ့ နေရာတွေမှာ နောက်ထပ် ဝယ်ယူမယ့် ယာဉ်အသစ်တွေကို အစားထိုးပြေးဆွဲဖို့ ညှိနှိုင်းနေပြီး အစိုးရရဲ့ ခွင့်ပြုချက်ရရင် ဝယ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အသစ်ဝယ်ယူမယ့်ကားတွေဟာ ၂၀၁၈ ခုနှစ်ထုတ် မော်ဒယ် YUTONG အမျိုးအစား တရုတ်နိုင်ငံထုတ် ကားအသစ်တွေလို့ ဆိုပါတယ်။

“ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီးတော့ ဝယ်မှာ။ ဘာလို့လဲဆိုတော့ အစက ငါတို့ စဉ်းစားတာက ၂၀၁၄-၂၀၁၅ ဝယ်ဖို့ စဉ်းစားတာ။ နောက်ဆုံး မထူးတော့ဘူး အသစ်ပဲ ဝယ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ ဆုံးဖြတ်ပြီးတော့မှာ ဘဏ္ဍာရေးအခြေအနေနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်နှစီးရမလဲ။ ဘယ်နှစီးရမလဲဆိုတာ ဟိုဘက်နဲ့လည်း စကားပြောရဦးမယ်” လို့ ဦးကိုကိုနိုင်က ပြောပါတယ်။

YUPT ကုမ္ပဏီမှာ အစိုးရက ရှယ်ယာထည့်ဝင်ထားတဲ့ ယာဉ်အစီးရေ ၅၀၀ အပါအဝင် အများပိုင်ယာဉ်အစီးရေ ၇၄၀ ရှိပြီး ယာဉ်ပိုင်ရှင်တွေပိုင်တဲ့ ပုဂ္ဂလိကယာဉ်အစီးရေဟာ ၅၂၆ စီး ရှိပါတယ်။ ကုမ္ပဏီဘက်က ယာဉ်အသစ်တွေ ထပ်မံဝယ်ယူမယ့်အပေါ် တဦးချင်း ပိုင်ရှင်တွေအနေနဲ့ သူတို့ယာဉ်တွေကို ဖယ်ရှားပြီး ပြေးဆွဲမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ယာဉ်ပိုင်ရှင်တွေရဲ့ လုပ်ငန်းတွေ ပျောက်ကွယ်သွားတော့မှာပေါ့နော်။ သူတို့ ပြောထားတဲ့ စကားထဲမှာလည်း ကားအေဟောင်းတွေကို ဖယ်ပြီးတော့ အဲဒီမှာ အစားထိုးမယ်လို့ သူတို့ ပြောထားတယ်ပေါ့။ နောက်ပြီး သူ့ကုမ္ပဏီ YUPT ရထားတဲ့ ကုမ္ပဏီကလည်း ကားအသစ်တွေနဲ့ ပြည့်နေပြီဆိုတော့ အုံနာလိုင်းတွေကိုပဲ အစားထိုးဖို့ ဖြစ်လာမှာပဲပေါ့နော်”လို့ YUPT ကုမ္ပဏီလက်အောက်မှာ ပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအစိုးရကနေ ကျပ်ငွေ ဘီလီယံ ၇၀ နဲ့ တရုတ်နိုင်ငံထုတ် Yutong အမျိုးအစား ယာဉ်အစီးရေ ၅၀၀ နဲ့Ankil အမျိုးအစား ယာဉ်အစီးရေ ၅၀၀ ဝယ်ယူထားပါတယ်။

အစိုးရ ဝယ်ယူထားတဲ့ကားတွေကို အများပိုင်ကုမ္ပဏီဖြစ်တဲ့ YUPT နဲ့ YBPC ကို အစီး ၅၀၀ စီ အစိုးရက ထည့်ဝင်ထားတာပါ။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေဟာ ၅၀၀၀ ကျော်ရှိတယ်လို့ YBS တနှစ်ပြည့်အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013