DVB Logo
Home
မြန်မာသတင်း
မင်းကိုနိုင်၏ နောက်ကြည့်မှန်ဝတ္ထု ရုပ်ရှင်ရိုက်ကူးရန် ၀ယ်ယူ
DVB
·
July 19, 2012
မင်းကိုနိုင်၏ နောက်ကြည့်မှန်ဝတ္ထု ရုပ်ရှင်ရိုက်ကူးရန် ၀ယ်ယူ
1 / 2
Donate to DVB

ရှစ်လေးလုံး အရေးတော်ပုံကာလမှာ ကြုံတွေခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တယောက်ရဲ့ အတွေ့အကြုံတွေကို နောက်ခံထားပြီး ရေးသားထားတဲ့ မင်းကိုနိုင်ရဲ့  နောက်ကြည့်မှန်ဝတ္တုကို ရုပ်ရှင်ရိုက်ကူးဖို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဝယ်ယူလိုက်ပါတယ်။

[caption id="attachment_28135" align="alignright" width="300" caption="ဒါရိုက်တာ ၀င်းထွန်းထွန်းနှင့် ကိုမင်းကိုနိုင်"][/caption]

နောက်ကြည့်မှန်ဝတ္ထုကို ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ၀ယ်ယူတဲ့ဈေးနှုန်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ၁၅ နှစ်တာ ကာလအတွင်း သူဝယ်ယူ ရိုက်ကူးခဲ့တဲ့ ၀တ္ထုတွေထက်ပိုပါတယ်လို့ ဒါရိုက်တာ ၀င်းထွန်းထွန်းက ပြောပါတယ်။

“ဒီအနုပညာတွေ အရမ်းပြောင်မြောက်တယ်၊ ပြီးတော့ အရမ်းတန်ဖိုးကြီးတယ် ကျနော် ၁၅ နှစ် ဖြတ်သန်းခဲ့တဲ့ ဒါရိုက်တာ ဘဝမှာ။ ဒီဝတ္တုကိုဝယ်လိုက်ပြီ ဆုပေမယ့် ဈေးတော့မပြောတော့ဘူး။ ကျနော် ရိုက်ကူးခဲ့တဲ့ဟာတွေထက်တော့ တန်ဖိုးမြင့်တာပါ။”

ဒီဇာတ်လမ်းကို လက်ရှိပြည်ပရောက်ရှိနေတဲ့ ဒါရိုက်တာချိုတူးဇော်က ကိုမင်းကိုနိုင်ဆီမှာ ရိုက်ခွင့်ပြုဖို့ နှုတ်နဲ့ တောင်ခံထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာဝင်းထွန်းထွန်းဟာ အခုလို ကိုမင်းကိုနိုင်ဝတ္ထုကို ၀ယ်ယူထားပြီ ဖြစ်ပေမယ့်လည်း ဒါရိုက်တာ ချိုတူးဇော်အနေနဲ့ ပြန်လာပြီး ရိုက်မယ်ဆိုရင် ရိုက်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။

“သူရိုက်မယ်ဆိုရင်တော့ အရမ်းလေးစားတဲ့ ဒါရိုက်တာဖြစ်တဲ့အတွက် ပိုပြီးတော့ ဝမ်းသာပါတယ်။ ကျနော်ဝယ်ဖြစ်တယ်ဆိုပေမယ့် ကျနော့်အတွက် မဟုတ်ပါဘူး၊ ကျနော်က ပရိသတ်ဖြစ်ပါတယ်။ တကယ်လို့ ကိုချိုတူးဇော် ပြန်လာနိုင်မယ်ဆိုရင်၊ တက္ကသိုလ်ကျောင်းဝိုင်းက ရိုက်ခွင့်ပေးမယ်ဆိုရင် သူပြန်လာမယ့်နေ့ကို မျှော်နေမယ်။”

ဒီဇာတ်ကားကို အစက ဗွီဒီယိုအဖြစ်ရိုက်ဖို့ ၀ယ်ယူတာ ဖြစ်ပေမယ့် အခြေအနေအရ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် အသက်သွင်း ရိုက်ကူးဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

ကိုမင်းကိုနိုင်ရေးတဲ့ ဒီနောက်ကြည့်မှန်စာအုပ်ကို ရန်ကုန်နဲ့မန္တလေးမှာ အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက သူကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုး ရောင်းပေးခဲ့တာပါ။

အဲဒီစာအုပ်ကို ကိုမင်းကိုနိုင် အကျဉ်းကျစဉ်မှာ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) က ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရအဖြစ် ၂၀၀၉ အောက်တိုဘာလမှာ ထုတ်ဝေခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013