DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး ဆယ်ကျော်သက် မိန်းကလေး ၃ ဦး ကို တံတားဦးမြို့တွင် ပြန်တွေ့
DVB
·
July 23, 2018
ပျောက်ဆုံး ဆယ်ကျော်သက် မိန်းကလေး ၃ ဦး ကို တံတားဦးမြို့တွင် ပြန်တွေ့
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ကနေ ပျောက်ဆုံးခဲ့တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၃ ယောက်ကို ဇူလိုင် ၂၂ ရက်နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

မြောင်းမြမြို့ အမှတ် ၇ ရပ်ကွက် ရွှေဂုံတိုင် ၂ လမ်းမှာ နေထိုင်တဲ့ မအိရွှေစင် အသက် (၁၆) နှစ် မချစ်ပိုပို အသက် (၁၅) နှစ်နဲ့ ဦး မအေးပြုံးကျော် အသက်(၁၇) နှစ် တို့ဟာ ဇူလိုင်လ ၂၀ ရက်နေ့လယ်ပိုင်းက မုန့်ထွက်ဝယ်စားမယ် ဆိုပြီး အပြင်ထွက်သွားတာကနေ ပျောက်ဆုံးခဲ့လို့ ရဲစခန်းမှာ လူပျောက်တိုင်ကြားထားတာပါ။

သူတို့ကို အသိမိတ်ဆွေတယောက်က အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာလို့ အမရပူရရဲစခန်းကနေ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ အစ်ကိုဖြစ်သူ မောင်ဇင်ဘိုထက်က ပြောပါတယ်။

`အသိတစ်ယောက်က လျှပ်စစ်ပစ္စည်းဆိုင်မှာ အလုပ်ရမယ်ဆိုပြီး မြောင်းမြကနေ သူတို့ ၃ ယောက်ကို ခေါ်သွားတာ ပုသိမ်မှာ ၁ ယောက် ဝင်ခေါ်သေးတယ်။ အဲ့ဒီကနေတဆင့် မန္တလေးကိုအသွား တံတားဦးမြို့ထဲမှာ သူငယ်ချင်း ၁ ယောက်က တွေ့တာ။”

မိန်းကလေးငယ်တွေကို ရန်ကုန်မြို့ကိုဝင်ပြီး အလုပ်သမားလိုတဲ့ ဆိုင်တွေကိုပြခဲ့ပေမယ့် မလုပ်ချင်တာကြောင့် မန္တလေးအထိ သွားရောက်ခဲ့တာဖြစ်ပါတယ်။

တံတားဦးမြို့ထဲမှာ အစ်ကိုဖြစ်တဲ့ မောင်ဇင်ဘိုထက် သူငယ်ချင်းက တွေ့ရှိခဲ့တာကြောင့် ခေါ်ပြီး မိဘဖြစ်သူတွေ ညွန်ကြားတဲ့အတိုင်း အမရပူရရဲစခန်းကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်

“အလုပ်လုပ်ဖို့ထွက်လာတယ် လို့ပြောပါတယ် တံတားဦးမှာတွေ့လို့ ရဲစခန်းကို လာပို့သွားတာပါ။ အခုတော့ သူတို့ ၃ ယောက်စလုံးကို မိဘတွေလက်ထဲ ပြန်အပ်လိုက်ပါပြီ” လို့ အမရပူရမြို့မရဲစခန်းက ဒုရဲအုပ်ပွင့်ဖူးခိုင်က ပြောပါတယ်။

ပြန်တွေ့ခဲ့တဲ့ မိန်းကလေးငယ် ၃ ဦးကိုတော့ မိဘအုပ်ထိန်းသူတွေက မန္တလေးမြို့ကနေ တဆင့်လိုင်းကားနဲ့ မြောင်းမြကို ပြန်လည်ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013