DVB Logo
Home
မြန်မာသတင်း
မော်ချီးဒေသတွင် သတ္တုတူးဖော် စွန့်ပစ်မြေစာပုံ ပြိုကျ၍ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
July 23, 2018
မော်ချီးဒေသတွင် သတ္တုတူးဖော် စွန့်ပစ်မြေစာပုံ ပြိုကျ၍ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ
1 / 2
Donate to DVB

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊  မော်ချီးဒေသရှိ KNPC သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့  ကျင်းလုပ်ကွက် အမှတ် ၅၁ မှာ စွန့်ပစ် ဇလားမြေစာပုံ ပြိုကျမှုကြောင့်  အမျိုးသား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၁ ရက် မနက်အစောပိုင်းက ပြိုခဲ့တာ ဖြစ်ပြီး မြေစာပုံအောက်နား တဲဆောက်လုပ်ထားတဲ အလုပ်သမား တဲကိုပိမိလို့ တဲထဲမှာ အိပ်နေသူတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ မော်ချီးဒေသ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

“ဇလားမီးကို ပုံထားတာ၊ မိုးရွာတော့အဲဒီ ဇလားမီးက လျော့ဆင်းပြီး အဲဒီတဲကို ပိသွားလို့ သေဆုံးမှုဖြစ်ပွားခဲ့တာပါ။ ၂ ယောက်သေပြီး ၁ယောက်ဒဏ်ရာရတယ်။ ဖြစ်စဉ်က မနက် ၂ နာရီ မိနစ် ၂၀ လောက်ဖြစ်တာ။ ”

သေဆုံးသူတွေဟာ ကျောက်ပန်းတောင်းကနေ လာရောက်အလုပ်လုပ်ကိုင်တဲ့ ကိုအောင်မင်းထွန်း (၂၉) နှစ်နဲ့ ကိုအောင်သူ (၂၃)နှစ်တို့ဖြစ်ကြပြီး ကိုဇော်လင်း (၂၆) နှစ်ကတော့ ခါးမှာ ဒဏ်ရာရလို့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

မြေပြိုတဲ့နေရာကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသွားရောက်ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံပြီး ကူညီထောက်ပံ့ခဲ့ပါတယ်။

သေဆုံးသွားသူတွေရဲ့အလောင်းကိုတော့ မနေ့က သူတို့နေတဲ့ နေရပ်ကို ပြန်လည်ယူဆောင် သွားပါတယ်။

မော်ချီးဒေသက သတ္တုတူးဖော်တဲ့ ကျင်းလုပ်ကွက်တွေမှာ မြေပြိုမှုတွေကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ အရင်ကလည်းရှိခဲ့ဖူးပါတယ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မော်ချီးဒေသမှ မြေပြိုမှုကြောင့် လူပေါင်း ၃၀ လောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013