DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများ ရခိုင်ပြည်နယ်က ကျေးရွာ ၈ ရွာကို သွားရောက်လေ့လာ
DVB
·
July 23, 2018
အစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများ ရခိုင်ပြည်နယ်က ကျေးရွာ ၈ ရွာကို သွားရောက်လေ့လာ
Donate to DVB

အစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့  ယူအန်ဒီပီ၊ ယူအန်အိပ်ခ်ျစီအာတို့ နားလည် မှုစာချွန်လွှာရေးထိုးထားတဲ့ အစီအစဉ်ကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ ရခိုင်ပြည်နယ်က ရွာပေါင်း ၈ ရွာကို သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေ ထဲက ကျေးရွာတွေကို ဇူလိုင် ၂၁ ကနေ ၂၂ ရက်အထိ ကွင်းဆင်းလေ့လာ သွားရောက်ခဲ့ကြတာပါ။

ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က “၇ ရွာ၊ ၈ ရွာလောက် ကွင်းဆင်းသွားရောက်ခဲ့ပါတယ်။ ဒါက ကျနော်တို့ Technical working Group အနေနဲ့ ဒီကျေးရွာတွေကို ကနဦးသွားကြတာပေါ့။ အဲ့ဒီမှာ ကျေးရွာသူ ကျေးရွာသားတွေနဲ့ သွားတွေ့ပါတယ်။ တွေ့ဆုံမေးမြန်မှုတွေကိုပြုလုပ်ပါတယ်” လို့ ခရီးစဉ်အပြီးမှာ ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက် သဘောတူညီချက်အရ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာအုပ်စု ၃၁ အုပ်စုမှာရှိတဲ့ ကျေးရွာတွေမှာ ကွင်းဆင်းဆောင်ရွက်သွားဖို့ Technical working Group တို့ ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။

Technical working Group အဖွဲ့မှာတော့  ယူအန်ဒီပီနဲ့ ယူအန်အိပ်ခ်ျစီအာတို့ ကိုယ်စားလှယ်​တွေ၊ အစိုးရဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

ကနဦးကွင်းဆင်းလေ့လာတာဖြစ်ပြီး စစ်တမ်းတွေကောက်ဖို့ ဆက်လုပ်သွားမယ်လို့ လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က ပြောပါတယ်။

“အခုက ကျနော်တို့ ကနဦးကွင်းဆင်းတာပါ။ နောက်ထပ်ပြီး ဘယ်တော့ ကွင်းဆင်းမယ်ဆိုတာကတော့ မသိသေးဘူး။ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ နောက်ပိုင်း စစ်တမ်းဘယ်လို ကောက်မလဲ၊ ဘာဆက်လုပ်မယ်ဆိုတာကတော့ အားလုံးတိုင်ညှိနှိုင်းပြီး လုပ်ကြရမှာပါ။”

နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေ၊ ယူအန်ဒီပီ၊ ယူအန်အိပ်ခ်ျစီအာတို့ ပါဝင်ကြပါတယ်။

၆ လကြာ အကောင်အထည်ဖော်လုပ်ဆောင်မယ့် ဒီလုပ်ငန်းအစီအစဉ်ထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အသိုင်းအဝိုင်းအကြား ရေရှည်တည်တံ့တဲ့ လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍတွေမှာ သဟဇာတရှိစေမယ့် အခြေခံ လိုအပ်ချက်တွေကို ပံ့ပိုးကူညီသွားမယ့် အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013