DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်းငယ် ဟိုင်နန်းကျွန်းကို ဖြတ်ကျော်ဝင်ရောက်
DVB
·
July 23, 2018
အပူပိုင်းမုန်တိုင်းငယ် ဟိုင်နန်းကျွန်းကို ဖြတ်ကျော်ဝင်ရောက်
Donate to DVB

တောင်တရုတ် ပင်လယ်ပြင် (တုံကင်ပင်လယ်ကွေ့) မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ဒီနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ  ဟိုင်နန်ကျွန်းသို့ ဖြတ်ကျော် ဝင်ရောက်နေတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ၊ နန်နင်းမြို့ (Nanning) ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အရှေ့ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည် နယ်(မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်၊ ရခိုင်နဲ့ မွန် ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထာါးတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာလည်း မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013