DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့် အင်းလေးတွင် ခရုမှကူးစက်သည့် သန်ကောင်ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိ
DVB
·
July 22, 2018
ရခိုင်နှင့် အင်းလေးတွင် ခရုမှကူးစက်သည့် သန်ကောင်ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိ
Donate to DVB

ရခိုင်ပြည်နယ်နဲ့ အင်းလေးဒေသမှာ ရေချိုခရုကနေ ကူးစက်တဲ့ သန်ကောင်ရောဂါ ဖြစ်ပွားသူ ၅၀၀ ကျော်ရှိပြီး ရောဂါကုသရေးလုပ်ငန်းတွေ စတင်နေပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

Schistosomiasis လို့ခေါ်တဲ့ ဒီရောဂါပိုးကို ရေချိုမှာ ပေါက်ဖွားတဲ့ ခရုတွေက ရောဂါကို သယ်ဆောင်ပြီး လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကူးစက်တတ်ကာ ရောဂါဖြစ်နေသူကတော့ တိုက်ရိုက်ကူးစက်တာ မရှိပါဘူး။

ဒေါက်တာသန်းထွန်းအောင်က “ရခိုင်မှာဆိုရင်တော့ ပေါက်တော(မြို့) မှာ အများဆုံးပဲ။ ပြီးတော့ ပုဏ္ဏားကျွန်း၊ စစ်တွေ စတဲ့ မြို့နယ် ၈ ခုမှာ ဖြစ်တယ်။ စုစုပေါင်း ၃၀၂ ယောက်ပါ။ ပဲခူးတိုင်း ရွှေကျင်မှာလည်း ရှိတယ်။ အင်းလေးမှာလည်း လူနာ ၂၀၀ ဝန်းကျင်လောက်တွေ့ရတယ်။ ဖြစ်ပွားသူတွေကိုတော့ သန်ကောင် သေစေတဲ့ ဆေးတွေ တိုက်ထားပါပြီ” လို့ ပြောပါတယ်။

ဒီဆေးဟာ ရှားပါးပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ဆေးမှာထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီရောဂါပိုးရှိတဲ့သူရဲ့ ဆီးနဲ့ မစင်က ပိုးဥတွေဟာ ရေချိုထဲကိုရောက်ရင် ရောဂါ သယ်ဆောင်နိုင်တဲ့ ခရုထဲကို ထိုးဖောက်ဝင်ရောက်နေတတ်ပါတယ်။ အဲဒီနောက် ခရုက စွန့်ထုတ်လိုက်တဲ့ သားလောင်းတွေဟာ လူရဲ့ အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး သွေးကြောမကြီးတွေထဲကို ရောက်ရှိ ကြီးပြင်းကြတာပါ။

“အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များတယ်။ သူ့ကို နှိမ်နင်းဖို့ဆိုရင် နှစ်ရှည် လုပ်ရမယ်။ ဒါပေမယ့် ဘယ်လောက်ဖြစ်နေလဲဆိုတာ လေ့လာစစ်ဆေးရဦးမယ်။ ဒီအတွက် WHO နဲ့ တရုတ်နိုင်ငံက ပညာရှင်တွေလာဖို့ရှိပါတယ်။ ဒီရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၂ သိန်းလောက် သေနေပါတယ်။ ဒါပေမယ့် ဒီရောဂါက ရှားပါးတဲ့ ရောဂါပါ” လို့ ပြောပါတယ်။

ရောဂါပိုးသယ်ဆောင်နိုင်တဲ့ ခရု ၄၊ ၅ မျိုးလောက်ရှိပြီး ရေချိုမှာပဲ ရှင်သန်နေထိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် ရေကို ၁ မိနစ်အထက် ကျိုချက်သောက်သုံးဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ဖို့၊ အလွယ်တကူ ဆီးမစွန့်ဖို့နဲ့ ရေနဲ့ထိတွေ့ရာမှာ ဂရုစိုက်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

ဒီရောဂါပျိုးရက်ဟာ ပျမ်းမျှ ၂ ပတ်ကနေ ၃ လအထိကြာတတ်ပြီး နာတာရှည်အဆင့်မှာ နှစ်ချီကြာတတ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ အရေပြားမှာ ယားယံတဲ့ အဖုတွေထွက်တာ၊ ဖျားတာ၊ ခေါင်းကိုင်၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။

နာတာရှည်ဖြစ်ရင်တော့ အစာအိမ်အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်း၊ နှလုံးနဲ့ အဆုတ်၊ မိန်းမကိုယ်၊ ဦးနှောက်နဲ့ အာရုံကြောတို့မှာလည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

မနေ့ကလုပ်ခဲ့တဲ့ ရောဂါဖြစ်ပွားကူးစက်တာနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းက နိုင်ငံ ၇၈ ခုမှာ ဒီရောဂါ ဖြစ်ပွားနေတယ်လို့ WHO ဌာနေ ကိုယ်စားလှယ်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013