DVB Logo
Home
မြန်မာသတင်း
ဆရာဝန်မတဦးကို တက္ကစီယာဉ်မောင်းနှင့် အမျိုးသမီးတဦးတို့က ရိုက်နှက်လုယက်
DVB
·
July 22, 2018
ဆရာဝန်မတဦးကို တက္ကစီယာဉ်မောင်းနှင့် အမျိုးသမီးတဦးတို့က ရိုက်နှက်လုယက်
Donate to DVB

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ ကားငှားဖို့စောင့်နေတဲ့ ဆရာဝန်အမျိုးသမီးတဦး ကို အငှားယာဉ်မောင်းတဦးနဲ့ တခြားအမျိုးသမီးတဦးတို့က ရိုက်နှက်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၁ဝ နာရီ ၅ဝ မိနစ်က တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်နေ ဒေါက်တာ ××××× (၃၈)နှစ်ဟာ ဝေဇယန္တာလမ်းမကြီးထောင့်မှာ ကားငှားဖို့ စောင့်နေစဉ် လမ်းပေါ်ရပ်ထားတဲ့ ယာဉ် ၁ စီးပေါ်မှ   အသက် (၃၅) နှစ်ခန့် အမျိုးသား ၁ ဦး (စိစစ်ဆဲ) မှ တက္ကစီ ငှားမလားလို့ မေးတာကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီးကို ကျပ် ၃၅ဝဝ နဲ့ ငှားရမ်းခဲ့ပါတယ်။

ယာဉ်နောက်ခန်းမှ လိုက်ပါစီးနင်းခဲ့ရာ ယာဉ်မောင်းအမျိုးသားမှ ပစ္စည်းဝင်ယူဖို့ ပြောဆိုပြီး ဝေဇယန္တာလမ်းမကြီးမှ ၃ ရပ်ကွက်အတွင်းသ ချိုးကွေ့မောင်းနှင်ကာ ငွေကြာယံ ဘုန်းကြီးကျောင်းရှေ့ ၁၃ လမ်း အရောက်မှာ ယာဉ်မောင်းမှ ကားရပ်ပြီး ယာဉ်နောက်ခန်းကို ကူးလာကာ ဒေါက်တာ ××××× ကို လည်ပင်းညှစ်နေချိန် အမျိုးသမီး ၁ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဒေါက်တာ ××××× ရဲ့ မျက်လုံးကိုပိတ်ကာ ယာဉ်မောင်းမှ အရှည် ၁ ပေခန့်ရှိ အလူမီနီယံ ချောင်းနဲ့ရိုက်ပြီး အမျိုးသမီးက ကျောက်စိမ်းလော့ကတ်သီးပါ ရွှေဆွဲကြိုး ၁ ကုံး၊ စိန်နားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ထီး ၁ ချောင်း၊ ငွေစက္ကူရောရာ ၅ဝ,ဝဝဝ ကျပ်တို့ကို လုယူပြီး ကားပေါ်မှ ဆင်းခိုင်းခဲ့ပါတယ်။ ဒေါက်တာ ××××မှာ နဖူး/ဦးခေါင်း/ဝဲပါးတို့မှာ ဖူးရောင်ဒဏ်ရာတွေ (မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဆရာဝန်အမျိုးသမီးကို သင်္ဃန်းကျွန်းစံပြဆေးရုံကို တင်ပို့ခဲ့ပြီး ယာဉ်မောင်းနဲ့ အမျိုးသမီး တို့ ၂ ဦး(စုံစမ်းဆဲ) ကို တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၈၁၈/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ (လုယက်မှုကျူးလွန်စဉ်နာကျင်စေမှု/အားပေးကူညီမှု) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013