DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်က အသားတင်ပို့မှု တရုတ်ပိတ်ပင်
DVB
·
July 18, 2012
မြန်မာဘက်က အသားတင်ပို့မှု တရုတ်ပိတ်ပင်
Donate to DVB

မြန်မာနိုင်ငံက တရုတ်နိုင်ငံတင်ပို့နေတဲ့ အသားထွက်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားထားတဲ့စာ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကတဆင့် လက်ခံရရှိထားတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ၃ ဒေါ်လှလှသိန်းက ပြောပါတယ်။

စာမှာ တရုတ်နိုင်ငံအရည်အသွေး ထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ရဲ့ ၁၈ ရက် ၆ လ ၂၀၁၂ ရက်စွဲပါစာနဲ့ ပို့လာတာလို့ ပြောပါတယ်။

အဲဒီစာမှာ “တရုတ်နိုင်ငံ တိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ အ၀င်အထွက်နှင့် ပိုးမွားကင်းစင်ရေးဥပဒေပါ ပြဌာန်းချက်များအရ ကြက်ငှက်တုပ်ကွေးရောဂါ၊ လျှာနာခွာနာ အပါအ၀င် ကူးစက်တတ်သော တိရစ္ဆာန်ရောဂါများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် နိုင်ငံများမှ အသားထွက်ကုန် ပစ္စည်းများ နိုင်ငံတွင်းသို့ တင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ထားပြီး မြန်မာနိုင်ငံမှာ အဆိုပါရောဂါများ ဖြစ်ပွားနေတဲ့အတွက် ပိတ်တာ”လို့ ရေးထားပါတယ်။

ဒေါ်လှလှသိန်းက စာပါအကျဉ်းချုပ်အချက်ကို ခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှ တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းနှင့် အသားထွက်ကုန်ပစ္စည်းများကို အခြားနိုင်ငံမှ ၀ယ်ယူခြင်းနှင့် တရုတ်နိုင်ငံသို့ ဆက်လက် ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ထားကြောင်း။”

ပြန်လည်တင်ပို့လိုပါက အဆိုပါရောဂါတွေ ဖြစ်ပေါ်ပြန့်ပွားခြင်း ပပျောက်ချုပ်ငြိမ်းပြီး တရုတ်နိုင်ငံဘက်မှ တင်သွင်းခွင့် ပိတ်ပင်ထားရှိမှု ပယ်ဖျက်ပေးရန်နှင့် အသားထွက်ကုန်ပစ္စည်း ကူးစက်ရောဂါကာကွယ်စစ်ဆေးပြီး တင်သွင်းခွင့်ပြုရန် လိုအပ်သောလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မယ်လို့ စာမှာ ပါရှိပါတယ်။

တရုတ်နိုင်ငံဘက်ကို မြန်မာနိုင်ငံဘက်က တရားဝင်လမ်းကြောင်းက ပို့ပေးမယ့် တရုတ်နိုင်ငံဘက်က ၀ယ်လက်တွေက တရားမ၀င်လမ်းကြောင်းက အစဉ်အဆက် ၀ယ်ယူခဲ့ကြတာ ဖြစ်တယ်လို့ ဒေါ်လှလှသိန်းက ပြောပါတယ်။

“တကယ်ဆိုရင် ကျမတို့ဘက်က တရားဝင်လိုင်စင်လျှောက်ပြီး သွားတာ ဒါပေမယ့် သူတို့ဘက်က တရားဝင် ၀ယ်တာ မဟုတ်ဘူး။ အဲဒီဘက်က ကုန်သည်တွေက ခိုးပြီး ၀ယ်တာ။ အဲလိုမျိုးပဲ ကျမပြောတယ်။ ဆိုလိုချင်တာက သူတို့က လိုတမျိုး မလိုတမျိုး လုပ်တယ်လို့ ပြောချင်တာ။ မြန်မာနိုင်ငံက ကြက်ငှက်တုပ်ကွေးရောဂါ တကယ်ဖြစ်တုန်းကလည်း ဖြစ်တယ်လို့ ကြေညာထားတယ်။ ကမ္ဘာ့တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးကို ကျမတို့က တရားဝင် ကြေညာရတာလေ။ အဲဒါကျမတို့က မဖြစ်လို့ မကြေညာတဲ့ဟာကို သူတို့ကပဲ အတင်းဖြစ်တယ်လို့ ပြောတာက စော်ကားတယ်လို့ ကျမက သတ်မှတ်တယ်လေ။”

အခုအခါ တရုတ်ဘက်ကို အသားတင်ပို့မှု လုံးဝရပ်ဆိုင်းသွားပြီဖြစ်လို့ ဒီလုပ်ငန်းနဲ့အသက်မွေးသူတွေရော မှီခိုသူတွေပါ အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။

မြန်မာဟာ တရုတ်ဘက်ကို အခု ဘဏ္ဍာရေးနှစ်အစ ဧပြီကနေ ဇွန်လထိ ၃ လအတွင်း အေးခဲအမဲသား တန်ချိန် ၅၀၀၀ နီးပါး တင်ပို့နိုင်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြုစုတဲ့စာရင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013