DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေ
DVB
·
July 22, 2018
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေ
Donate to DVB

ပြည်တွင်းဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၄ နှစ်ထက် ၁ အိတ်ကို ကျပ် ၁ သောင်းကျော်ထိ မြင့်တက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဧရာဝတီပေါ်ဆန်းတအိတ်ဟာ ၂၀၁၄ ခုနှစ်က ၂၉၀၀၀ ကျပ်ရှိရာကနေ အခု ၂၀၁၈ ခုနှစ်မှာ ၄၂၀၀၀ ကျပ်အထိ ဖြစ်လာပါတယ်။

ဧရာဝတီပေါ်ဆန်းဟာ အခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ၃၃၀၀၀ ကျပ်ဖြစ်ပြီး ဇွန်လမှာတော့ ၄၂၀၀၀ အထိ ကျပ် ၉၀၀၀ တက်လာတာပါ။

ရွှေဘိုပေါ်ဆန်းကတော့ ၂၀၁၄ ခုနှစ်မှာ ၃၆၀၀၀ ကျပ်ကနေ အခုတော့ ၅၇၀၀၀ ကျပ်ဖြစ်ပါတယ်။ သူကတော့ ဇန်နဝါရီလက တအိတ်ကို ၄၆၀၀၀ ကျပ်ဖြစ်ပြီး ဇွန်လမှာတော့ ၁၁၀၀၀ ကျပ် ထပ်တက်သွားတာပါ။

ဧည့်မထ ၅ မှတ် ဆန်တအိတ်က၂၀၁၄ ခုနှစ်မှာ ၁၆၅၀၀ ကျပ်ကနေ ၂၀၁၈ ခုနှစ်မှာ ၂၃၅၀၀ ကျပ်၊ ငစိန် ၂၅ မှတ်ဆန်က ၁၆၅၀၀ ကျပ်ကနေ ၂၁၀၀၀ ကျပ်ဖြစ်လာပါတယ်။

ဆန်ကြမ်းဈေးနှုန်းဟာ ဒီတနှစ်အတွင်းမှာတော့ ကျပ် ၂၀၀၀ လောက်အထိပဲ တက်လာတာ ဖြစ်ပြီး ပေါ်ဆန်းတွေကတော့ ၁ သောင်းကျော်အထိ တက်သွားတာ ဖြစ်ပါတယ်။

ပြည်ပပို့ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းကတော့ ဈေးငြိမ်နေပြီး ပေါင်းဆန်၊ ဆန်ကွဲအပါအဝင် တခြားဆန်အများစုဟာ ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ရင် ဈေးကျသွားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013