DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့ လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရေးမှူးတို့ ၆၆(ဃ) ဖြင့် အပြန်လှန်အမှုဖွင့်
DVB
·
July 22, 2018
ရွှေကျင်မြို့ လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရေးမှူးတို့ ၆၆(ဃ) ဖြင့် အပြန်လှန်အမှုဖွင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ဇူလိုင်လ ၂၁ ရက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းနဲ့ မြို့နယ်ပညာရေးမှူးဦးစိုးသိန်းတို့ ၆၆ (ဃ) နဲ့  အပြန်အလှန်လာရောက်အမှုဖွင့်ထားတယ်လို့ မြို့မစခန်းမှူးကပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူမရဲ့ ရေးသားချက်အား screenshoot ရိုက်ပြီး ပညာရေးမှူး ဦးစိုးသိန်းက သူ့ဖေ့စ်ဘွတ်ခ်အကောင့်ပေါ်မှာ ပြန်တင်ပြီး လွှတ်တော်ကိုယ်စားလှယ် တယောက်ကို ခြိမ်းခြောက်တာ၊ လူမှုရေးအရ နှိမ်ချပြောဆိုတာ၊ ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားပြောဆိုတာတွေ ရှိတဲ့အတွက် တရားဥပဒေရဲ့ အကာအကွယ်ကို ယူသင့်တယ်ထင်တာကြောင့် အမှုဖွင့်ရတာလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ဒီဗွီဘီကိုပြောပါတယ်။

ဒေါ်လှလှဝင်းက “ကျမ Facebook ပေါ်မှာ လစာဖြတ်တာလည်း လာဘ်စားတာပဲလို့ ရိုးရိုးတန်းတန်းpost တင်ထားတာကို ကျမပုံနဲ့ စာကို screenshot ရိုက်ပြီး ဘာမှမသိတဲ့ ဒေါ်လှလှဝင်းသိဖို့ပါ။ စွပ်စွဲမှုဆိုတာ ခိုင်လုံဖို့လိုတယ်။ မခိုင်လုံပဲစွပ်စွဲပြောကြားတာဖြစ်ရင် အသရေဖျက်မှု ပုဒ်မ-၅၀၀နဲ့ တရားစွဲလို့ ရတယ်ဆိုတာ ဥပဒေပြုသူတယောက်သိရဲ့လား၊ လစာဖြတ်တာမရှိတာ ကိုယ်တိုင်အသိဆုံးပဲ စိန်ခေါ်ပါတယ်။ နောက်မတွန့်သွားနဲ့လို့ U Soe Thein အကောင့်နဲ့ ပညာရေးမှူးက ပြောဆိုထားတာကြောင့် အမှုဖွင့်ရတာဖြစ်တယ်။”

ည ၉ နာရီလောက်မှာ ရဲစခန်းက ၆၆ ( ဃ ) နဲ့  ဒေါ်လှလှဝင်းက အမှုဖွင့်ထားတယ်ဆိုပြီး စာလာပို့မှ သိရတာဖြစ်ပြီး ဒီအပေါ်မှာ ဘာမှပြောစရာမရှိသလို ဥပဒေကြောင်းအရလုပ်ဖို့ တိုင်ထားရင်တော့ ရင်ဆိုင်သွားမှာဖြစ်ပြီး သူ့အနေနဲ့  ဒေါ်လှလှဝင်းကို ၆၆ (ဃ)နဲ့ ပြန်လည် အမှုဖွင့်ထားတယ်လို့ ရွှေကျင်မြို့နယ် ပညာရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေကျင်မြို့မ ရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုကိုလက်ခံပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013