DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်တချို့ ဘေးလွတ်ရာ ပြောင်းရွှေ့
DVB
·
July 22, 2018
ချင်းတွင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်တချို့ ဘေးလွတ်ရာ ပြောင်းရွှေ့
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ညောင်ဇောက်ကျေးရွာအုပ်စု ကျောမကြားကျေးရွာ ချင်းတွင်းမြစ်ရေတက်မှု ရေတိုက်စားကမ်းပြိုမှုတွေကြောင့် မြစ်ကမ်းနားနေ အိမ်တချို့ ဘေးလွတ်ရာ ပြောင်းရွှေ့နေရပါတယ်။

ဇွန်လဆန်းပိုင်းကတည်းက ချင်းတွင်းမြစ်ကမ်းပြိုခဲ့ကျတာနဲ့ ကြုံခဲ့ရပြီး အခုအချိန်ထိ ဖျက်ရွှေ့ရတဲ့ လူနေအိမ် ၁၂ လုံးရှိလာပြီဖြစ်ပြီး နောက်ထပ် ပြောင်းရွှေ့ဖို့ရာတွေလည်း ရှိနေပါသေးတယ်။

ခုလို ကမ်းလွတ်ရာကို ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက အိမ်ပြောင်းရွှေ့စရိတ်၊ လတ်တလော စားသုံးနိုင်ဖို့ တပတ်စာ ဆန်ဖိုးနဲ့ လူအသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေးထားပြီး ရေစကြိုမြို့နယ် မီးသတ်ရဲဘောတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ကမ်းနားလူနေအိမ်တွေကို ဘေးလွတ်ရာ ကူညီပြောင်းရွှေ့ပေးနေရပါတယ်။

ဒါအပြင် ကျောမကြားကျေးရွာမှာ ချင်းတွင်းမြစ်ကမ်းပြိုကျတာ သက်သာစေဖို့ ကူညီဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။

သတင်း - မြင့်နိုင်၊ ဓာတ်ပုံ- အောင်ကျော်ဇင် (ရေစကြို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013