DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ရေကြီး၊ မြ၀တီမြို့ရှိ အိမ်ခြေ ၁၀၀ ကျော် နစ်မြုပ်
DVB
·
July 22, 2018
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ရေကြီး၊ မြ၀တီမြို့ရှိ အိမ်ခြေ ၁၀၀ ကျော် နစ်မြုပ်
1 / 5
Donate to DVB

မိုးအဆက်မပြတ် ရွာသွန်းတဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်ရှိ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ကျော်လွန်ပြီး မြစ်ရေကြီးလာတဲ့အတွက် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနားရှိ အိမ်ခြေ ၁ဝဝ ကျော် ရေနစ်မြုပ်နေပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနား အနိမ့်ပိုင်းမှာနေတဲ့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တွေက လူနေအိမ် ၁ဝဝ ကျော်လောက်ရေနစ်မြုပ်နေတာဖြစ်ပြီး လူဦးရေ ၆၉၉ ဦးကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

လက်ရှိအနေနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းအဖြစ် မြ၀တီမြို့က ကျွန်းတောဈေး၊ ကိုးနဝင်း ဘုန်းကြီးကျောင်း၊ ကျောက်ဖျာဓမ္မာရုံတို့မှာ  ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁၄၉ စုနဲ့ လူဦးရေ ၆၉၉ ကို ယာယီခိုလှုံခွင့်ပေးထားပါတယ်။ မြ၀တီမြို့နယ်က ကော့ကော်ကျေးရွာ၊ မယ်ပလဲကျေးရွာ၊ ထီးဝါးပလော ကျေးရွာက ရေဘေးသင့် အိမ်ထောင်စု ၂၁၅ စု လူဦးရေ ၄၁၄ ယောက်ကို ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချပေး ထားတယ်လို့ မြ၀တီမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေက ပို့တဲ့ ကုန်စည်တွေလည်း ကြန့်ကြာနေရပြီး နယ်စပ်ဖြတ်သန်းမယ့်သူတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ကျော်လွန်တဲ့အတွက် မြဝတီခရိုင်မှူး၊ လွှတ်တော်ကိုယ်စားလှယ် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းစောင့်ကြည့်ပြီး လိုအပ်တာတွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဦးသန့်ဇင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013