DVB Logo
Home
မြန်မာသတင်း
စိုးရိမ်ရေမှတ်ရောက်ရှိနေသည့် မြို့နှင့် ရောက်ရှိရန်နီးစပ်နေသည့် မြို့များ၏ မြစ်ရေအခြေနေ
DVB
·
July 22, 2018
စိုးရိမ်ရေမှတ်ရောက်ရှိနေသည့် မြို့နှင့် ရောက်ရှိရန်နီးစပ်နေသည့် မြို့များ၏ မြစ်ရေအခြေနေ
Donate to DVB

စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတဲ့ မြို့နဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေရဲ့ မြစ်ရေ အခြေအနေကို မိုးဇလက ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၆ နာရီခွဲထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၇၇၄ စင်တီမီတာအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ၊ ယခုလက်ရှိ ၁၁၅၃၊ ဟင်္သာတမြို့မှာတော့ စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ၊ အခုလက်ရှိ ၁၃၃၇ နဲ့ ဇလွန်မြို့မှာတော့ စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ အခုလက်ရှိ ၁၁၃၇ စင်တာမီတာ အသီးသီးရှိနေပြီး စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရှိပြီး အခုလက်ရှိမှတော့ ၁၀၅၁ စင်တီမီတာကို ရောက်ရှိနေပါတယ်။

ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ ရှိပြီး အခုလက်ရှိမှာတော့ ၈၁၅ စင်တီမီတာရောက်ရှိနေပါတယ်။

င၀န်မြစ်ရေဟာ ငသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၆၀ ရှိပြီး အခုလက်ရှိမှာတော့ ၁၁၄၂ စင်တီမီတာ၊ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၂၀ စင်တီမီတာရှိပြီး အခုလက်ရှိမှာတော့ ၆၀၄ စင်တီမီတာ ရောက်ရှိနေပြီဖြစ်ပါတယ်။

တိုးမြစ်ရေဟာ မအူပင်မြို့ရဲ့ စိုးရမ်ရေမှတ် ၇၂၀ ရှိပြီး အခုလက်ရှိမှာတော့ ၆၈၈ စင်တီမီတာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013