DVB Logo
Home
မြန်မာသတင်း
အမ်းမြို့ လယ်​ယာမြေဆွေးနွေးပွဲ တားမြစ်ခံရ
DVB
·
July 22, 2018
အမ်းမြို့ လယ်​ယာမြေဆွေးနွေးပွဲ တားမြစ်ခံရ
Donate to DVB

အမ်းမြို့မှာ ပြုလုပ်တဲ့ ဒေသခံတောင်သူလယ်သမားများ မြေယာနဲ့ သယံဇာတဆွေးနွေးပွဲကို သက်ဆိုင်ရာက လာရောက်တားမြစ်ခဲ့တာကြောင့် ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ရပါတယ်။

ငြိမ်းစုစီတင်ပြီး ရခိုင်ပြည်နယ် အမ်းမြို့ ရွှေတောင်ခန်းမမှာ ဇူလိုင် ၂၁ ရက်နေ့က ပြုလုပ်တဲ့ ဒေသခံတောင်သူ လယ်သမားများ မြေယာနဲ့ သယံဇာတဆွေးနွေးပွဲကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက လာရောက်ဟန့်တားမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတောင်သူ လယ်သမားများ မြေယာနဲ့ သယံဇာတဆွေးနွေးပွဲကို ရပ်နားလိုက်ရတယ်လို့ ပွဲစဉ်သူတွေက ပြောပါတယ်။

ဒီဆွေးနွေပွဲမှာ ဒေသခံတောင်သူလယ်သမားတွေ ၁ဝဝ ကျော်က ၁ ရက်တာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဆွေးနွေးပွဲအနေနဲ့ ခွင့်ပြုချက်ပေးထားတာဖြစ်ပြီး အဲဒီခွင့်ပြုချက်ထဲမှာ ဦးဆောင်ဆွေးနွေးမယ့်သူ သုံးဦးသာ ပါဝင်ပါတယ်။

ဒါပေမယ့် အခမ်းအနားမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးဥက္ကဋ္ဌ ကိုမျိုးလွင်နဲ့ ရခိုင်သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် ဦးဆောင်ကော်မတီ ကိုထွန်းကြည်တို့ ၀င်ရောက်ဆွေးနွေးရာမှာ ခွင့်ပြုချက်ထဲ မပါဝင်တဲ့အတွက် ရဲက ဟန့်တားခဲ့တာလို့ သိရပါတယ်။

တောင်သူလယ်သမားတွေဆီက လယ်ယာမြေတွေ သိမ်းဆည်းခံနေရမှုအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းအညီ ရပိုင်ခွင့်တွေကို တောင်သူတွေအနေနဲ့ ပိုမိုသိရှိနား လည်စေနိုင်ရေး ဆွေးနွေးသွားဖို့ စီစဉ်တာလို့ ဦးဆောင် စီစဉ်သူ ကိုစိုးသိန်းကပြောပါတယ်။

အမ်းမြို့အတွင်း တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအပါအဝင် ကုမ္ပဏီ အချို့က သိမ်းဆည်းထားတဲ့ လယ်ယာမြေယာတွေ အများအပြားရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဟန့်တားခဲ့တာနဲ့ပတ်သက်လို့ အမ်းမြို့မရဲစခန်းက တာဝန်ရှိသူတွေကို ဒီဗွီဘီက ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ထွန်းကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013